ဒီဇင်ဘာလမှာ အိန္ဒိယ ရော်ဘာ သုံးစွဲမှု လျော့ကျခဲ့

Tue, 05/14/2013 - 03:57 -- admin

ဗုဒ္ဓဟူးနေ့ ၃၀ ဇန်နဝါရီလ ၂၀၁၃ 15:04 PM

၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလမှ အိန္ဒိယ နိုင်ငံမှာ ရော်ဘာ သုံးစွဲမှုဟာ ၇၈ဝဝဝ တန် ရှိခဲ့ပြီး ယမန်နှစ် ကာလတူ သုံးစွဲမှုထက် ၁ ဒသမ ၃ ရာခိုင်နှုန်း လျော့ကျ ခဲ့ပါတယ်။ တာယာ ထုတ်လုပ်မှုများ လျော့ကျ ခဲ့တဲ့ အတွက် ရော်ဘာ လိုအပ်ချက် လျော့နည်း သွားခြင်းကြောင့်လို့ သိရပါတယ်။ ရော်ဘာ ထုတ်လုပ်မှု ကတော့ ၁၁ဝဝဝဝ တန်ရှိပြီး ယမန်နှစ် ကာလတူ ထက် ၃ ရာခိုင်နှုန်း ပိုမို တိုးမြင့် လာတယ်လို့ သိရပါတယ်။ ပြည်တွင်း ပေါက်ဈေးနဲ့ နှိုင်းယှဉ်လျှင် နိုင်ငံ တကာ ပေါက်ဈေး သိသိသာသာ မြင့်တက်နေတဲ့ အတွက် ဒီဇင်ဘာလမှာ ပြည်ပမှ ရော်ဘာ တင်သွင်းမှုများလည်း လျော့နည်း ခဲ့ပါတယ်။ နိုဝင်ဘာလ နောက်ဆုံးပတ် ကစပြီး ဈေးကျ နေတာဖြစ်ပါတယ်။ ကမ္ဘာ့ပေါက်ဈေး ထက်လည်း ၁ ကီလိုကို ၂ဝ မှ ၂၅ ရူပီးဈေး နိမ့်လျက် ရှိပါတယ်။ ဈေးနှုန်း ကျနေပြီး အိန္ဒိယ ဈေးကွက်မှာ အရောင်း အဝယ်များ ထိုင်းမှိုင်း နေပါတယ်။ အဓိက တာယာ ထုတ်လုပ်သူများ ပြည်ပမှ ရော်ဘာ တင်သွင်းခြင်း ဟာလည်း ဒီဇင်ဘာလမှာ သိသိ သာသာ လျော့နည်း ကျဆင်း ခဲ့ပါတယ်။

နိုဝင်ဘာလ အစောပိုင်း ထိမှာတော့ ပြည်ပမှ ရော်ဘာ တင်သွင်းမှုဟာ ပုံမှန် ရှိနေပြီး ဒီဇင်ဘာလ မှာတော့ ယမန်နှစ် ကာလတူ နဲ့ နှိုင်းယှဉ်လျှင် ၃၅ ရာခိုင်နှုန်းထိ သိသိ သာသာ လျော့နည်း သွားခဲ့ပါတယ်။ လျော့ကျ လာမှုကို ကြည့်ခြင်း အားဖြင့် ၂ဝ၁၂-၂ဝ၁၃ တစ်နှစ်လုံး တင်သွင်းမှုဟာ တန်ချိန် နှစ်သိန်း အောက်ထိသာ ခွင့်ပြုသွားတယ် လို့သိရပါတယ်။ ရော်ဘာ လုပ်ငန်း ဘုတ် အဖွဲ့ရဲ့ အစောပိုင်း ထုတ်ပြန်ချက် အရ ၂ဝ၁၂-၂ဝ၁၃ မှာ ရော်ဘာတန် ၂ ဒသမ ၅ သိန်းခန့်သာ တင်သွင်းရန် ခန့်မှန်း ခဲ့တာ ဖြစ်ပါတယ်။ ယမန်နှစ် ကတော့ ၂ဝ၅ဝ၅ဝ တန်သာ တင်သွင်း ဖြစ်ပါတယ်။

Source: Business.std. com >>> CMK