တရုတ်ကိုသွားတဲ့ သကြား

Tue, 05/14/2013 - 05:08 -- admin

တနင်္လာနေ့ ၁၈ ဖေဖော်ဝါရီလ ၂၀၁၃ 15:48 PM

ဇန်နဝါရီလ ၃ဝ ရက်မှ ဖေဖော်ဝါရီလ ၅ ရက်ထိ ကာလ အတွင်းမှာ မူဆယ် စခန်းမှ တစ်ဖက် တရုတ် နိုင်ငံသို့ ကန်ဒေါ်လာ သုည ဒသမ ၃၃၅ သန်း တန်ဖိုးရှိ သကြားညို ၃၅၇ တန် ကျော်နဲ့ သကြားဖြူ ၂၁၃ တန်ကျော် တင်ပို့ ခဲ့ ပါတယ်။ ယခင် အပတ် တင်ပို့ မှုထက် ယခု အပတ်မှာ တန် ၄၉ဝ လျော့နည်း ခဲ့ပါတယ်။ တစ်ဖက် တရုတ် နိုင်ငံမှာ နှစ်သစ်ကူး ပွဲတော် ကာလ မို့ တင်ပို့မှုများ လျော့နည်းခြင်း ဖြစ်ပါတယ်။

ချင်းရွှေဟော် စခန်းမှ ယခု အပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၂၇ဝ သန်း တန်ဖိုးရှိ သကြားဖြူ တန် ၄၅ဝ တင်ပို့ ခဲ့ပါတယ်။ ယခင် အပတ် တင်ပို့မှုထက် ယခု အပတ်မှာ တန် ၅ဝ လျော့နည်း ခဲ့ပါတယ်။ သကြား ၁ ပိဿာ ပေါက်ဈေး ကတော့ ကျပ် ၈၅ဝ- ၉ဝဝ ကြားရှိ တယ်လို့ သကြားနဲ့ သကာ ကုန်သည် အသင်းမှ စုံစမ်း သိရှိရပြီး နှစ်ကူး ကာလ နီးသဖြင့် ဈေး အနည်းငယ် တက်နေ တယ်လို့ သိရပါတယ်။

မြင့်မြင့်မာ -- MIRT (DOBT)