တရားမဝင်အကောက်ခွန်မဲ့ကုန်ပစ္စည်းများ ကျပ် ၃၈၂ သန်းကျော်ဖိုးဖျက်ဆီးခဲ့

Mon, 01/19/2015 - 12:45 -- dccaadmin

 

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလထိ Mobile Team များမှ တရားမဝင်အကောက်ခွန်မဲ့ ကုန်ပစ္စည်းများ ကျပ်သန်း  ၃၈၂ ဒသမ ၆၅၄ သန်းခန့်၊ အမှုတွဲအားဖြင့် ၁၅၅ မှုကို ဖျက်ဆီး နိုင်ခဲ့ တယ်လို့ သတင်းရရှိပါတယ်။ Mobile Team အလိုက် ဖျက်ဆီးခဲ့မှုတွေကတော့ လရ-၁ ၃၇ မှု ကျပ်  ၁၁၅ သန်းကျော်၊ လရ-၂ ၂၁ မှု ကျပ် ၃၅ ဒသမ ၆၂၅ သန်းကျော်၊ မူဆယ်ထုတ်နုတ်အင်အား ၃၇ မှုကျပ် ၁၉၄သန်းကျော်၊  တာချီလိတ်ထုတ်နုတ်အင်အား ၂၅မှု၊ ကျပ်သန်း၂၀ ကျော်၊ ကျိုင်းတုံထုတ် နုတ်အင်အား ၃၅ မှု ကျပ် ၁၆ သန်းကျော် အသီးသီးဖြစ်ပါတယ်။

Mobile Team အဖွဲ့များဟာ တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးဗဟိုကော်မတီရဲ့ ကြီးကြပ်မှုနဲ့ဆောင်ရွက်တဲ့စခန်းလမ်းကြောင်းအလိုက် Mobile Team များအနေနဲ့ ကုန်သွယ်မှုပမာဏတိုး တက်မြင့်မားရေး တရားဝင်လမ်းကြောင်းပေါ် သို့ တရားမဝင်ကုန်သွယ်မှုများ ရောက်ရှိစေရေး အတွက် သတ်မှတ်လုပ်ထုံးလုပ်နည်း များနဲ့အညီ အထက်ဌာနများရဲ့ လမ်းညွှန်ချက်အတိုင်း စနစ်တကျ ဆောင် ရွက်လျက်ရှိ နေကြောင်း သတင်းရရှိပါတယ်။

                                                                                          

      DCCA DCCA