တစ်ဖက် နိုင်ငံထုတ် ကြက်မြစ် ကြက်သဲထုတ်များ ကျပ် ၄၂ သိန်း ကျော်ဖိုး ရှာဖွေတွေ့ရှိ

Tue, 05/14/2013 - 05:11 -- admin

တနင်္လာနေ့ ၁၈ ဖေဖော်ဝါရီလ ၂၀၁၃ 15:50 PM

စစ်တောင်း တံတား အဟောင်းနဲ့ တံတား အသစ် လမ်းဆုံမှာ ဖေဖော်ဝါရီလ ၃ ရက်နေ့ ဝ၂း၁၅ ချိန်မှာ ဝင်ရောက် လာတဲ့ Canter အမျိုး အစား ယာဉ် အမှတ် ၈ခ/xxxxx အား ရပ်တန့် စစ်ဆေးရာမှာ ထိုင်း နိုင်ငံထုတ် ကြက်မြစ် ကြက်သဲ ထုတ်များ ရှာဖွေ တွေ့ရှိခဲ့တယ်လို့ သတင်း ရရှိပါတယ်။

မော်လမြိုင်မှ ရန်ကုန်သို့ ရေချိုငါး၊ ပုစွန်များ တင်ဆောင် လာတဲ့ ရေခဲပုံး အတွင်းမှာ တစ်ဘက် ထိုင်းနိုင်ငံ ထုတ် ကြက်မြစ် ကြက်သဲ တစ်ကီလို ဂရမ်ပါ အထုပ် ၁၇ဝဝ ကို မြဝတီ- ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်း၌ စစ်ဆေးရေး တာဝန် ချထားတဲ့ လှုပ်ရှား အဖွဲ့ ၂ မှ ရှာဖွေ စစ်ဆေး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ တန်ဖိုး အားဖြင့် ကျပ်သိန်း ၄၂ ဒသမ ၅ဝ ရှိတယ်လို့ သိရပါတယ်။

အဆိုပါ ထိုင်းနိုင်ငံထုတ် ကြက်သဲ ကြက်မြစ် များအား ဖေဖော်ဝါရီလ ၃ ရက်နေ့ ၁၁း၁၅ ချိန်မှာ နယ်စပ် ကုန်သွယ်ရေး ညွှန်ကြားရေးမှူး ဦးကျော်ဒွန်း၊ ဝေါမြို့နယ် ဒု- မြို့နယ် အုပ်ချုပ်ရေးမှူး၊ ဝေါမြို့နယ် မွေးကု ဦးစီး ဌာန၊ ဝေါမြို့နယ် စည်ပင် အမှုဆောင် အရာရှိ၊ လရ-၂ မှ အကောက် ခွန်မှူးနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ဝေါမြို့နယ် သတင်းနဲ့ စာနယ်ဇင်း အဖွဲ့ အတွင်း ရေးမှူးတို့ ပါဝင်သော အဖွဲ့က အင်ဂျင်ဝိုင် အဟောင်းများ၊ ဒီဇယ်ဆီများ ပက်ဖြန်း လောင်း ထည့်ခြင်း၊ ထုံးဖြူးခြင်းများ ဆောင်ရွက်ပြီး မြေမြုပ် ဖျက်ဆီး ပစ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

Source: လရ-၂ (MTN)