စွမ်းအင်စီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်လှစ်ခဲ့မှုသတင်း

Mon, 06/12/2023 - 03:34 -- DotTrading

စွမ်းအင်စီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်လှစ်ခဲ့မှုသတင်း

 

၁။           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ကုန်သွယ်ရေးဦးစီးဌာနမှကြီးကြပ်၍ ဖွင့်လှစ်သော စွမ်းအင်စီမံခန့်ခွဲမှုအခြေခံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇွန်လ (၇) ရက်နေ့ နံနက် (၀၉း၄၅) နာရီအချိန်တွင် ရုံးအမှတ် (၃) ညီလာခံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။            သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ကုန်သွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (လွယ်ကူ/ညှိနှိုင်း)၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ စက်မှုဝန်ကြီးဌာန၊  စက်မှု ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ နည်းပြများနှင့် သင်တန်းသား/ သင်တန်းသူ စုစုပေါင်း (၃၉) တက်ရောက်ခဲ့ပြီး သင်တန်းဖွင့်အဖွင့်အမှာစကားကို ကုန်သွယ်ရေးဦးစီး ဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (လွယ်ကူ/ညှိနှိုင်း)၊ ဦးသိန်းထွန်းဦး က နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပြီး ဆက်လက်၍  စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ကလည်း အမှာစကားပြောကြားခဲ့ပါသည်။

၃။           စွမ်းအင်စီမံခန့်ခွဲမှုအခြေခံသင်တန်းကို  ၂၀၂၃ ခုနှစ်၊ ဇွန်လ (၇) ရက်မှ (၉) ရက်နေ့ထိ သင်တန်းကာလ (၃) ရက်ကြာ နံနက် (၀၉း၄၅) မှ (၁၂း၀၀) နာရီထိ သင်တန်းသား (၃၉) ဦးဖြင့် ဒေသတွင်းဌာနခွဲအနီးရှိ သင်တန်းခန်းမတွင် စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီး ဌာန ညွှန်ကြားရေးမှူး ဒေါ်နိုင်နိုင်လင်းမှ သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။

၄။           အဆိုပါသင်တန်းနှင့်ပတ်သက်၍ ရုံးအဆောက်အဦများတွင် စွမ်းအင်သုံးစွဲမှုလျှော့ကျစေရေး ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်စေရေးအတွက်ကုန်သွယ်ရေးဦးစီးဌာနနှင့်စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ပူးပေါင်းဆောင်ရွက်သည့် သင်တန်းဖြစ်ကြောင်း သိရှိရပါ သည်။