စွမ်းအင်စီမံခန့်ခွဲမှုအခြေခံသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည့်သတင်း

Tue, 06/13/2023 - 04:15 -- DotTrading

စွမ်းအင်စီမံခန့်ခွဲမှုအခြေခံသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည့်သတင်း

 

၁။           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ကုန်သွယ်ရေးဦးစီးဌာနမှကြီးကြပ်၍ ဖွင့်လှစ်သော စွမ်းအင်စီမံခန့်ခွဲမှုအခြေခံသင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇွန်လ (၉) ရက် နေ့ မွန်းတည် (၁၂:၀၀) နာရီအချိန်တွင် ရုံးအမှတ် (၃) ညီလာခံခန်းမ၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ ပါသည်။

၂။            သင်တန်းဆင်းပွဲ အခမ်းအနားသို့ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ နှင့်အတူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းလွင်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ စက်မှုဝန်ကြီးဌာန၊  စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ နည်းပြများနှင့် သင်တန်းသား/သင်တန်း သူ စုစုပေါင်း (၃၉) တက်ရောက်ခဲ့ပါသည်။

၃။           သင်တန်းဆင်း အဖွင့်အမှာစကားကို ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရမှ ပြောကြားခဲ့ပြီးနောက် သင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ခြင်းနှင့် သင်တန်းနည်းပြအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ကြောင်းသိရှိရပါသည်။