Myanmar- EU Helpdesk ဖွင့်လှစ်ခြင်း

Wed, 06/01/2016 - 00:00 -- ictuser

EU Helpdesk ဖွင့်ပွဲအခမ်းအနားအား ရန်ကုန်မြို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊

ဒုတိယထပ်ရှိ GIZ ရုံးခန်း၌ နံနက်(၁၀)နာရီတွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။

 ဖွင့်ပွဲအခမ်းအနားကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန(MYANTRADE) မှ

  ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးနှင့် တာဝန်ရှိသူများ၊ Mr. Fritz Hendriks ၊ Team Leader of TDP ၊

  Mr Lorenzo Pascotto ၊  Programmer Officer EU Delegation in Myanmar ၊ Mr. Filip A.

 Lauwerysen ၊ Executive Director from EuroCham Myanmar, Mr. Steffen Grammling နှင့်

 နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် ပြင်သစ် CCI ၊ KOTRA ၊   JETRO ၊ JICA တို့မှ တာဝန်ရှိသူများနှင့်

 ဖိတ်ကြားထားသည့် ဧည့်သည်တော်များ  တက်ရောက်ခဲ့ကြပါသည်။

 အခမ်းအနားတွင် Trade Development Programme ၏ Team Leader Mr. Fritz Hendriks ၊

 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ခေတ္တညွှန်ကြားရေးမှူးချုပ်

 ဦးအောင်စိုး ၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပ သမဂ္ဂကိုယ်စားလှယ် Programee Officer Mr. Lorenzo Pascotto နှင့်

EuroCham Myanmar မှ အမှုဆောင်ညွှန်ကြားရေးမှူး Mr. Filip A. Lauwerysen တို့က အမှာစကားများ

 အသီးသီးပြောကြားခဲ့ပါသည်။

ယခုကဲ့သို့ EU Helpdesk  ဖွင့်လှစ်ခြင်းအားဖြင့် ဥရောပသမဂ္ဂသို့ ကုန်ပစ္စည်း တင်ပို့နေသည့်

လုပ်ငန်းရှင်များနှင့် စိတ်ပါဝင်စားသူများ၊ အသေးစားနှင့်အလတ် စား စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်

သိရှိလိုသော ဥရောပသမဂ္ဂဈေးကွက် သတင်းအချက်အလက်များကို အဆိုပါ Helpdesk  ပံ့ပိုးဖြန့်ဝေပေးမည်

 ဖြစ်သဖြင့် လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်တင်ပို့ရာတွင် အတိုင်းအတာတစ်ခုအထိ အကူအညီများ

ရရှိမည်ဖြစ်ပါသည်။