MORE COMETIC CREATION နှင့် 981 Creative Myanmar Co.,Ltd တို့ MOU လက်မှတ်ရေးထိုးခြင်းနှင့် အလှကုန်ပစ္စည်းသစ် မိတ်ဆက်ပွဲကို ရန်ကုန်မြို့ Chatrium Hotel ၌ ကျင်းပပြုလုပ်ခြင်း

Thu, 01/14/2016 - 03:48 -- dotadmin

MORE COMETIC CREATION နှင့် 981 Creative Myanmar Co.,Ltd တို့ MOU

လက်မှတ်ရေးထိုးခြင်းနှင့် အလှကုန်ပစ္စည်းသစ်မိတ်ဆက်ပွဲကို ရန်ကုန်မြို့ Chatrium Hotel ၌

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့ နံနက် (၁၀:၃၀)နာရီတွင်  ကျင်းပပြုလုပ်ခဲ့ပါသည်။

           အဆိုပါ အလှကုန်ပစ္စည်းသစ် အခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ 

ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုး၊

ထိုင်းစီးပွားရေးသံမှူး Mr. Pakainay Leng-EE ၊ SME Development မှ ညွှန်ကြားရေးမှူး ဦးအောင်မျိုးခိုင်၊

981 Creative Myanmar Co.,Ltd မှ Deputy Managing Director Mr. Earth ၊ MORE COMETIC

CREATION မှ ထုတ်လုပ်မှုပညာရှင် တို့မှကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် အဖွင့်အမှာစကားများကို

အသီးသီးပြောကြားခဲ့ပါသည်။ MORE COMETIC CREATION မှ အသက် (၂၀) နှင့် (၅၅) နှစ်ကြား

အမျိုးသမီးများအတွက် ရည်ရွယ် ၍ ဆံပင်နှင့် ကိုယ်ခန္ဓာအလှအပနှင့် သက်ဆိုင်သည့် အလှကုန်ပစ္စည်းများကို

OME စနစ်ဖြင့် ၂၀၁၄ ခုနှစ်မှတည်ထောင်၍ စတင်ထုတ်လုပ်ခဲ့ပါသည်။ ဆက်လက်ပြီး အလှကုန်ပစ္စည်းများ

ထုတ်လုပ်မှု၊ ဈေးကွက် အရည်အသွေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို (Power Point) များဖြင့်

ရှင်းလင်းတင်ပြခဲ့ပါသည်။

            အခမ်းအနားသို့ ဖိတ်ကြားထားသည့် ဧည့်သည်တော် ( ၅၀ ) ဦးခန့် တက်ရောက်ခဲ့ကြပြီး

နေ့လည် (၁၁:၃၀) နာရီတွင် အခမ်းအနားကို အောင်မြင်စွာဖြင့် ရုပ်သိမ်းခဲ့ပါသည်။