ကုန်သွယ်မှုမြှင့်တင် ရေးဆိုင်ရာ အခြေခံသင်တန်းအမှတ်စဉ်(၂/၂၀၁၃)သင်တန်းဆင်းပွဲအခမ်းအနား

Fri, 05/10/2013 - 03:28 -- admin

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၊ ရုံးအမှတ်(၅၂)တွင် ၂၂.၃.၂၀၁၃ ရက်နေ့ (၁၀:၀၀)နာရီအချိန်၌ ကုန်သွယ်မှုမြှင့်တင် ရေးဆိုင်ရာ အခြေခံသင်တန်းအမှတ်စဉ်(၂/၂၀၁၃) သင်တန်း ဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် တက်ရောက်အမှာ စကား ပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ကုန်သွယ်ရေးညွန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်   ညွှန်ကြားရေးမှူးများ၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ သင်တန်း နည်းပြများနှင့် သင်တန်းသား/သူ များ စုစုပေါင်း(၆၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်းပွဲအခမ်းအနားအား (၁၀:၅၅)နာရီအချိန် တွင် ပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။