မြန်မာနိုင်ငံအထည်ချုပ်စက်ရုံများအတွက် အရေးကြီးလိုအပ်နေတဲ့ ကုန်ကြမ်းပစ္စည်းများ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ လေကြောင်းဖြင့် တင်သွင်း

Tue, 03/17/2020 - 13:08 -- dotadmin

နေပြည်တော် - မတ်လ ၁၇ ရက် 

COVID – 19 ရိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံများ ကုန်ကြမ်းပြတ်လပ်မှု မဖြစ်ပေါ်စေရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး စီးပွားရေးဌာန၊ China Enterprise Chamber of Commerce in Myanmar (CECCM ) တို့ ပူးပေါင်း စီစဉ်မှုဖြင့် အထည်ချုပ်စက်ရုံများအတွက် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများကို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းနှင့် လေကြောင်းလိုင်းများမှ တင်ပို့လျက်ရှိရာ မူဆယ်နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းမှ CMP ကုန်ကြမ်း မော်တော်ယာဉ် (၅၀) စီးခန့် နေ့စဉ် တင်သွင်းလျက်ရှိပြီး၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၇ ရက်နေ့(ယနေ့) တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ကျိုးမြို့မှ AQ – 1359 Cargo ကုန်တင်လေယာဉ်ဖြင့် သယ်ဆောင်လာသည့် ကုန်ကြမ်းပစ္စည်းများမှာယနေ့ည (၁၀:၀၀) နာရီအချိန်တွင် ဆိုက်ရောက်မည်ဖြစ်ကြောင်းနှင့် အဆိုပါ ကုန်ကြမ်းပစ္စည်းများမှာ အထည်ချုပ် စက်ရုံ (၁၁)ရုံအတွက် အရေးပေါ် လိုအပ်လျက်ရှိသော ကုန်ကြမ်းပစ္စည်းများဖြစ်ကြောင်း သတင်းရရှိသည်။