မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Tue, 12/05/2023 - 04:15 -- mocadmin

   မြဝတီကုန်သွယ်ရေးဇုန်မှ ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှုများဆောင်ရွက်လျက်ရှိရာ (၂၉-၁၁-၂၀၂၃) ရက်နေ့မှ (၁-၁၂-၂၀၂၃) ရက်နေ့ထိ ပို့ကုန်တင်ပို့မှု အနေဖြင့် ငရုတ်၊ ဂေါ်ဖီ၊ ကြက်သွန်နီ၊ မတ်ပဲ၊ ချင်းခြောက်၊ ပြောင်းမှုန့်၊ နနွင်းတက်၊ မကျည်းသီး (အစေ့ပါ)၊ ငါးဖမ်းပိုက်၊ ပုလင်းကွဲ၊ တောထန်းမြစ် ခြောက်၊ ငါးကြင်းဆီဖောင်းခြောက်၊ ကဏန်း၊ ပုစွန်၊ ငါးကြိတ်သား၊ ငါးပါးလျှပ်၊ ငါးမွှေထိုး၊ ကျောက်ငါး၊ ငါးသင်ဖြူး၊ ငါးခွေးလျှာ၊ ခဲ/သတ္တုများနှင့် CMP ပစ္စည်းများ တင်ပို့ခဲ့သည်။

   သွင်းကုန်ပစ္စည်းတင်သွင်းမှုအနေဖြင့် တိရိစ္ဆာန်အစာ၊ စက်ဘီး၊ အဝတ်အထည်၊ စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် ယာဉ်ယန္တရားများ၊ ဓာတ်မြေဩဇာ၊ ဆိုင်ကယ်အပိုပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်၊ အလှကုန်ပစ္စည်း၊ CMP ၊ ဆေးဝါးများ၊ ဖိနပ်၊ သစ်သီးမျိုးစုံ၊ အိမ်သုတ်ဆေး၊ အိမ်သုံးပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ စက်နှင့်စက်ပစ္စည်း ကိရိယာများနှင့် ငါးဖမ်းပစ္စည်းတို့ ဖြစ်သည်။

   ပြင်ပငွေလဲနှုန်း အနေဖြင့် ယခုအပတ်တွင် တစ်ဘတ်လျှင် (၉၁.၃၂) ကျပ် ဖြစ်ပါသဖြင့်  ဘတ်စျေး အနည်းငယ်မြင့်တက်သွားခဲ့သည်။

   မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၃  ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁ ရက်နေ့ အထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၂၁.၀၀၃) အမေရိကန်ဒေါ်လာသန်း၊ သွင်းကုန် (၈၃.၅၃၉) အမေရိကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁၀၄.၅၄၂) အမေရိကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့သည်။