စက်တင်ဘာလ ၅ ရက်နေ့ စင်ကာပူစံတော်ချိန် နံနက် ၆း၃၅ နာရီဝန်းကျင်မှာ လက်ငင်းအရောင်းရွှေက တစ်အောင်စကို ၁၈၈၉ ဒသမ ၅၇ ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရတယ်။ တစ်ချိန်တည်းမှာဘဲ နယူးယောက်မှာ ရွှေကြိုပွိုင့်ဈေးနှုန်းက တစ်အောင်စကို ၁၈၉၂ ဒသမ ၇၀ ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရတယ်။ ၎င်းဈးနှုန်းတွေက ပလက်တီနမ်ထက် ပိုမိုသွားခဲ့ကြောင်း သိရတယ်။ လက်ငင်းအရောင်း ပလက်တီနမ်မှာ တစ်အောင်စကို ၁၈၈၇ ဒသမ ၅၀ ဒေါ်လာဖြစ်တယ်။
ကမ္ဘာ့စီးပွားရေး နှေးကွေးနေမှုကြောင့် ရွှေဝယ်လိုအား အထူးမြင့်မားလာပြီး ကားထုတ်လုပ်ရာမှာ အဓိကအသုံးပြုနေတဲ့ ပလက်တီ နမ်ဈေးနှုန်း ထက်ရွှေဈေးနှုန်းသာလွန်သွားကာ ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့မှာ ကမ္ဘာ့ရွှေဈေးနှုန်းက တစ်အောင်စကို ၁၉၁၇ ဒေါ်လာအထက်အထိ စံချိန်တင်ရောက်ရှိခဲ့ပါတယ်။
Source: Bloomberg.com
ပပ