သွင်းကုန်လိုင်စင်ကြေးများကို သတ်မှတ်ရက်ထက်ကျော်လွန်ပြီး ပေးသွင်းခြင်း

Wed, 04/24/2013 - 10:47 -- admin
            လုပ်ငန်းရှင်များအနေဖြင့် သွင်းကုန်လိုင်စင်ကြေးများကို ခွင့်ပြုသည့်နေ့မှ ၂၁ ရက်အတွင်း ပေးသွင်းရမည်ဖြစ်ပါသည်။ အဆိုပါသတ်မှတ်ရက်ထက် ကျော်လွန်ပြီး သွင်းကုန်လိုင်စင်ကြေးပေးသွင်းမှု များကို အောက်ဖော်ပြပါ ဒဏ်ကြေးများ ပေးဆောင်စေပြီးမှ သွင်းကုန်လိုင်စင်များ ထုတ်ပေးမည် ဖြစ်ပါသည်-

(က) သတ်မှတ်ထားသည့်(၂၁)ရက်နေ့မှစ၍ - ကျသင့်သော သွင်းကုန်လိုင်စင်ကြေး၏

(၁၅)ရက်အတွင်း ပေးသွင်းခြင်း                  ၁၀ ရာခိုင်နှုန်းကို  ဒဏ်ကြေးအဖြစ်ပေးဆောင်စေရန်

(ခ) သတ်မှတ်ထားသည့်(၂၁)ရက်နေ့မှစ၍ - ကျသင့်သော သွင်းကုန်လိုင်စင်ကြေး၏

(၃၀)ရက်အတွင်း ပေးသွင်းခြင်း                 ၂၀ ရာခိုင်နှုန်းကို ဒဏ်ကြေးအဖြစ်ပေးဆောင်စေရန်