သတ်မှတ်ရက်အတွင်း သွင်းကုန်လိုင်စင်ကြေးများ ပေးသွင်းမှုမရှိခြင်းအပေါ် ဆောင်ရွက်မှု

Wed, 04/24/2013 - 10:49 -- admin

               သွင်းကုန်လိုင်စင်ခွင့်ပြုကြောင်း စကားပြောကြေးနန်းဖြင့်ဖြစ်စေ၊ တရားဝင်စာဖြင့်ဖြစ်စေ အကြောင်းကြားသော်လည်း သတ်မှတ်ရက်အတွင်း ပေးသွင်းခြင်းမရှိပါက သွင်းကုန်လိုင်စင်လျှောက်လွှာကို မှတ်ပုံတင်စာဖြင့် လျှောက်ထားသူထံ ပြန်လည်ပေးပို့ပါမည်။

                တင်ပို့ခွင့်၊တင်သွင်းခွင့်ပြုသည့် ပစ္စည်းများအားလုံး ခွင့်ပြုသည့်နေ့မှ တစ်လအတွင်းသာ ထုတ်ကုန်၊ သွင်းကုန်လိုင်စင်များ ထုတ်ပေးမည်ဖြစ်ပါသည်။ တစ်လအတွင်း ထုတ်ယူခြင်းမပြုပါက လိုင်စင်လျှောက် ထားမှုများကို ပယ်ဖျက်မည်ဖြစ်ပါသည်။