လယ်ယာစိုက်ပိုျးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြေဩဇာကော်မတီ၏ ၂၀၁၂ ခုနှစ်၊ ဩဂုတ်လ (၂၇) ရက် စာအမှတ်၊ မြေဩဇာ / ၂၀၁၂ (၅၄၅) အရ ခွင့်ပြုထားသည့် ဓါတ်မြေဩဇာ

Wed, 04/24/2013 - 07:22 -- admin

မှတ်ပုံတင်လိုင်စင်သက်တမ်းများ ကုန်ဆုံးပြီးမှ သက်တမ်းတိုးမြှင့်ခွင့်ပြုရန် လျှောက်ထားလာပါကအောက်ပါ အတိုင်း ဆောင်ရွက်ရန်-

(က) မှတ်ပုံတင်၊ လိုင်စင်လက်မှတ်များကို သက်တမ်းကုန်ဆုံးပြီး ရက်ပေါင်း (၃၀) အ တွင်း သက်တမ်းတိုးမြှင့်လျှောက်ထားလာပါက ဒဏ်ကြေးငွေကျပ် (တစ်သောင်း) ပေးဆောင်စေ ရန်။

( ခ ) မှတ်ပုံတင်၊ လိုင်စင်လက်မှတ်များကို သက်တမ်းကုန်ဆုံးပြီး ရက်ပေါင်း (၆၀) အတွင်း သက်တမ်းတိုးမြှင့်လျှောက်ထားလာပါက ဒဏ်ကြေးငွေကျပ် (နှစ်သောင်း) ပေးဆောင်စေရန်။

( ဂ ) မှတ်ပုံတင်၊ လိုင်စင်လက်မှတ်များကို သက်တမ်းကုန်ဆုံးပြီး ရက်ပေါင်း (၉၀) အတွင်း မြှင့်လျှောက်ထားလာပါက ဒဏ်ကြေးငွေကျပ် (သုံးသောင်း) ပေးဆောင်စေရန်။

(ဃ) သက်တမ်းကုန်ဆုံးပြီး ရက်ပေါင်း (၉၀) အတွင်း သက်တမ်းတိုးမြှင့်ရန် လျှောက် ထားခြင်းမရှိပါက မှတ်ပုံတင်ထားရှိမှု နှင့်လိုင်စင်ခွင့်ပြုထားရှိမှုသည် အလို အလျောက် ပျက်ပြယ်ပြီးဖြစ်ရန်။