စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် တိုင်းဒေသကြီး၊ စက်ဆန်းရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်း၊ မင်္ဂ္လာတောင်ညွန့်မြို့နယ်၊ ဆန်စက်အပိုပစ္စည်းစက်ရုံဝင်းရှိ အအေးခန်းစက်ရုံအပါအဝင် အဆောက်အဦ(၃)လုံး၊ ရေဆင်းတံတား (၁)စင်း၊ စက်ပစ္

Fri, 06/07/2019 - 04:46 -- ictuser

၁။စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးစီးဌာန၊ရန်ကုန်တိုင်းဒေသကြီး၊စက်ဆန်းရပ်ကွက်၊အထက်ပုဇွန်တောင်လမ်း၊မင်္ဂ္လာတောင်ညွန့်
မြို့နယ်၊ဆန်စက်အပိုပစ္စည်းစက်ရုံဝင်းရှိအအေးခန်းစက်ရုံအပါအဝင်အဆောက်အဦ(၃)လုံ၊ရေဆင်းတံတား(၁)စင်း၊စက်ပစ္စည်း(၆)မျိုးနှင့်ဆက်စပ်မြေဧရိယာ (၃၆၀၃.၂၂)စတုရန်းမီတာတို့ကို(အအေးခန်းစက်ရုံ၏မူလလုပ်ငန်းကိုသာလုပ်ကိုင်ဆောင်ရွက်မည့်သူ)တိုင်းရင်းသားလုပ်ငန်းရှင်များအားအိတ်ဖွင့်တင်ဒါစနစ်ဖြင့်
ငှားရမ်းပေးသွားမည်ဖစ်ပါသည်။
    (က)    အဆောက်အဦ(၃)လုံးနှင့်ရေဆင်းတံတား(၁)စင်းပါရှိပြီးအသေးစိတ်စာရင်းကိုတင်ဒါပုံစံတွင်ဖော်ပြထားပါသည်။
    (ခ)    စက်ပစ္စည်း(၆)မျိုးပါရှိပြီးအသေးစိတ်စာရင်းကိုတင်ဒါပုံစံတွင်ဖော်ပြထားပါသည်။
    (ဂ)    တင်ဒါပုံစံရောင်းချမည့်ရက်- (၅.၆.၂၀၁၉)ရက်မှ(၃.၇.၂၀၁၉)ထိ
             အချိန်-နံနက်(၉:၃၀)နာရီမှ (၁၆:၃၀)နာရီထိ
    (ဃ)    တင်ဒါစည်းကမ်းချက်များ-(၄.၇.၂၀၁၉)ရက် (၁၁:၃၀)နာရီ    
              ရှင်းလင်းခြင်း
    (င)      တင်ဒါပိတ်မည့်နေ့/အချိန်-(၄.၇.၂၀၁၉)ရက် မွန်းလွဲ( ၁၃:ဝဝ)နာရီ
    (စ)      တင်ဒါပုံစံရောင်းချမည့်နေရာ-စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊စီမံရေးရာဌာနခွဲ၊အမှတ်(၂၂၈/၂၄၀)၊ဒုတိယထပ်၊ကမ်းနားလမ်း
               နှင့်ရွှေဘုံသာလမ်းထောင့်၊ရန်ကုန်မြို့။
    (ဆ)    Deposit ပေးသွင်းနိုင်သည့်-တင်ဒါစည်းကမ်း သတ်မှတ်ချက်ပုံစံတွင်
              ဘဏ်များဖေါ်ပြထားပြီး ဖြစ်ပါသည်။
    (ဇ)      စာရင်းပေးသွင်းရမည့်နေရာ-ရုံးအမှတ်(၅၂)၊နေပြည်တော်
    (ဈ)      တင်ဒါတင်သွင်းရမည့်နေရာ-စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး
               ဌာန၊ ရုံးအမှတ်(၃)၊နေပြည်တော်။
၂။အဆိုပါအဆောက်အဦ(၃)လုံး၊ရေဆင်းတံတား(၁)စင်း၊စက်ပစ္စည်း(၆)မျိုးနှင့်ဆက်စပ်မြေဧရိယာ(၃၆၀၃.၂၂)စတုရန်းမီတာတို့၏မျက်မြင်အခြေအနေအားသက်ဆိုင်ရာမြို့နယ်သို့သွားရောက်ကြည့်ရှုနိုင်ပြီးအသေးစိတ်အချက်အလက်များကို သိရှိလိုပါကတင်ဒါပုံစံဝယ်ယူရမည့်နေရာသို့လူကိုယ်တိုင်ဖြစ်စေ၊ဖုန်းဝ၁-၂၅၀၄၃၂သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

                
                တင်ဒါစိစစ်ရေးအဖွဲ့