တမူးမြို့တွင် ယှဉ်ပြိုင်မှုမူဝါဒနှင့်ဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း

Mon, 01/15/2018 - 03:41 -- competition
ယှဉ်ပြိုင်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသူများ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း

၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ယှဉ်ပြိုင်မှုမူဝါဒဌာနခွဲမှ လက်ရှိမြန်မာနိုင်ငံယှဉ်ပြိုင်မှုဥပဒေ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ ယှဉ်ပြိုင်မှုမူဝါဒနှင့် ဥပဒေ၏ အကျိုးကျေးဇူးများနှင့် စိန်ခေါ်မှုများကို နိုင်ငံမျက်နှာစာအလိုက် မြို့ကြီးများတွင် စီးပွားရေးလုပ်ငန်းရှင်များနှင့် အစိုးရဝန်ထမ်းများအား အသိပညာဖြန့်ဝေပေးလျက်ရှိရာ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်နေ့တွင် တမူးမြို့၊ ဧပရယ်မွန်ခန်းမ၌ ယှဉ်ပြိုင်မှုမူဝါဒနှင့်ဥပဒေ အကျိုးကျေးဇူးနှင့်စိန်ခေါ်မှုများအကြောင်းဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲအခမ်းအနားအား တမူးခရိုင်၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးမြတ်သင်းအောင်နှင့် တမူးကုန်သွယ်ရေးစခန်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးမြတ်ထွန်းကျော်တို့မှ အဖွင့်အမှာစကားပြောကြား၍ ဖွင့်လှစ်ခဲ့ကြပါသည်။
ထို့နောက် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်(TDP)မှ ဟောပြောပွဲ တာဝန်ခံ ဒေါ်အေးအေးဝင်းမှ EU၏ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အား အကျဉ်းချုပ် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ ကုန်သွယ်ရေးဦးစီးဌာန၊ ယှဉ်ပြိုင်မှုမူဝါဒဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစံပယ်ကြည်မောင်နှင့် ဦးစီးအရာရှိ ဒေါ်ဝေရည်ကျော်တို့မှ မြန်မာနိုင်ငံယှဉ်ပြိုင်မှုဥပဒေနှင့်မူဝါဒ ဖွံ့ဖြိုးတိုးတက်မှုအဆင့်ဆင့်၊ ယှဉ်ပြိုင်မှုဥပဒေပြဌာန်းခြင်းကြောင့် ရရှိမည့်အကျိုးကျေးဇူးများနှင့် ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေပါအကြောင်းအရာများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြကာ တက်ရောက်လာသူများမှလည်း သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။