မိုးနှမ်းလှိုင်ချိန် နှမ်းဈေးမြင့်လာတဲ့ ပြည်ဈေးကွက်

Tue, 09/20/2011 - 09:10 -- Anonymous (not verified)

ပြည်ဈေးကွက်တွင် မိုးနှမ်းများ လှိုင်ချိန်ဖြစ်ပေမယ့် နှမ်းဈေးမှာ ယခင်အပတ်ထက် ဈေးမြင့်လာတာတွေ့ ရပါတယ်။ နှမ်းဈေးမြင့်သလို ဆီဈေးမှာလည်း မြင့်လာပါတယ်။ မင်းတုန်း၊ ကံမနဲ့ ပေါက်ခေါင်းဘက်မှ တစ်နေ့လျှင် အိတ် ၂၀၀၀ ခန့်ဝင်ရောက်လာပေမယ့် အဝယ် ရှိနေလို့ နှမ်းဈေးမှာ ဈေးမြင့်လာတာတွေ့ရပါတယ်။