မတ်ပဲတန် နှစ်သောင်းကျော်အထိ တင်ပို့မှုတက်လာ(၉.၇.၂၀၁၂)

Wed, 07/11/2012 - 06:43 -- Anonymous (not verified)

ယခုတစ်ပတ်အတွင်း မတ်ပဲတင်ပို့မှု ပိုမိုသွက်လက်လာခဲ့ပါသည်။ ပြီးခဲ့တဲ့ တစ်ပတ်က မတ်ပဲတန်ချိန် ၁၅၀၀၀ ကျော်တင်ပို့ခဲ့ရာမှ ယခုတစ်ပတ် (ဇွန်လ ၂၅-၂၉ ရက်) အတွင်းမှာ တန်ချိန် ၂၁၀၀၀ ကျော်ထိ တင်ပို့မှုတက်လာခဲ့ပါသည်။ ဇွန်တစ်လ လုံးမှာ မတ်ပဲတန်ချိန် ၅၉၀၀၀ ကျော်တင်ပို့ခဲ့ပြီး မေမှာတန်ချိန် ၉ သောင်းကျော်တင်ပို့ နိုင်ခဲ့တာ တွေ့ရပါသည်။၂၀၁၁ ခုနှစ် ဇွန်လမှာ တန်ချိန် ၇၆၀၀၀ နီးပါးတင်ပို့ခဲ့လို့ ယခုနှစ် ဇွန်မှာ ပမာဏအနည်းငယ်လျော့ကျတာ တွေ့ရပါသည်။

လက်ရှိဘဏ္ဍာနှစ် ဇွန် ၂၉ ရက်အထိ စုစုပေါင်း မတ်ပဲတင်ပို့ပြီးစီးမှုမှာ တန်ချိန် ၁၉၀၀၀၀ ကျော်၊ရရှိတဲ့ ဝင်ငွေမှာ ကန်ဒေါ်လာ ၁၀၄ သန်းကျော်ရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာ စုစုပေါင်း တန်ချိန် ၁၈၄၀၀၀ ကျော်၊ ကန်ဒေါ်လာ ၁၆၆ သန်းကျော်ရရှိခဲ့လို့ ယခုနှစ်ကာလတူမှာ ပမာဏပိုမိုတင်ပို့နိုင်ခဲ့ပေမဲ့ ရရှိတဲ့ဝင်ငွေမှာ လျော့ကျတာ တွေ့ရပါ သည်။လက်ရှိရောင်းဝယ်မှုအခြေအနေအရ လာမယ့်သီတင်းပတ်မှာလည်း တင်ပို့မှု ကောင်းဖွယ်ရှိပါသည်။