အမေရိကန်မှ ဆန်တင်ပို့မှုကို တရုတ်ဈေးကွက်မှ ခွင့်ပြုပေးဖွယ်ရာရှိ

Fri, 10/21/2011 - 07:44 -- Anonymous (not verified)

အမေရိကန်မှ ဆန်တင်ပို့မှုကို တရုတ်ဈေးကွက်မှ ခွင့်ပြုပေးဖွယ်ရာရှိ

အမေရိကန်မှ ဆန်တင်ပို့မှုကို တရုတ်ဈေးကွက်မှ ခွင့်ပြုပေးဖွယ်ရာရှိ မကြာသေးမီက ဆန်ဈေးနှုန်းတန့်နေပုံရသဖြင့် အမေရိကန်လယ်သမားများက ဆန် စားသုံးမှုပမာဏကြီးမားလာနိုင်မည့် တရုတ်နိုင်ငံသို့ ဆန်များရောင်းချခွင့်ရရန် နီးစပ်လာ ကြောင်း ယုံကြည်လျှက်ရှိကြပါသည်။ တရုတ်နိုင်ငံက အမေရိကန်ဆန်ဈေးကွက်ကို ဖွင့်ပေးလိုက်လျှင် ဝယ်လိုအားမြင့်မားလာနိုင် ပြီး ဈေးနူန်းမြင့်လာနိုင်ကာ အမေရိကန် လယ်သမားများ ဆန်ကိုပိုမိုစိုက်ပျိုးလာစေရန် တွန်းအားပေးမှုများဖြစ်လာနိုင်ကြောင်း ဆန်လုပ်ငန်းလေ့လာသူများက ပြောကြားလျှက်ရှိပါသည်။ တရုတ်နိုင်ငံသည် ကမ္ဘာတွင် ဆန်အများဆုံးထုတ်လုပ်သူဖြစ်သော်လည်း ထုတ်လုပ်သမျှ စားသုံးလျှက်ရှိသည့်အပြင် လူဦးရေ ၁.၃ ဘီလီယံအတွက် လုံလောက်မှုရှိစေရန် ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ဆန်အချို့ကို ဝယ်ယူတင်သွင်းလျှက်ရှိပါသည်။ အမေရိကန်သည် ကမ္ဘာတွင် စတုတ္ထ ဆန်အများဆုံးတင်ပို့သူဖြစ်ပြီး နိုင်ငံပေါင်း ၁၀၀ ကျော်ကို တင်ပို့လျှက်ရှိပါသည်။