ပြည်ပ အဝယ်လိုက်လာလို့ ပြည်တွင်းပဲဈေးမြင့် (၂၄.၁၂.၂၀၁၂)

Fri, 05/17/2013 - 10:35 -- admin

မတ်ပဲဈေးအနေနဲ့ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပြီးခဲ့တဲ့တစ်ပတ်ထက် ကျပ် ၁၁၀၀၀ ခန့် ပိုလာပြီး ဒီဇင်ဘာ ၂၁ ရက်မှာ တစ်တန်ကျပ် ၄၆၅၀၀၀ ခန့် ရှိပြီး ပဲတီစိမ်းမှာလည်း ပြီးခဲ့တဲ့သီတင်းပတ်ထက် ကျပ် ၅၂၁၀၀ ပိုကာ တစ်တန်ကျပ် ၇၉၆၁၀၀ ကျပ်နဲ့ ရောင်းဝယ်ခဲ့ကြောင်း သိရပါသည်။ ပဲစဉ်းငုံကတော့ ပြီးခဲ့တဲ့ တစ်ပတ်ထက် ကျပ် ၁ သောင်းခန့်ပိုပြီး တစ်တန်ကျပ် ၅၂၅၀၀၀ နဲ့ ရောင်းဝယ်ကြောင်း သိရပါသည်။ အရောင်းအဝယ် အသွက်ဆုံးပဲကတော့ ပဲတီစိမ်းနဲ့ မတ်ပဲဖြစ်ပြီး ပဲစင်းငုံမှာ လက်ကျန်နည်းလာပြီဖြစ်လို့ ရောင်းလက်တွေ ထိန်းရောင်းနေကြတယ်လို့သိရပါသည်။ ပဲစင်းငုံနဲ့ ပဲလွန်းဖြူလည်း ပြီးခဲ့တဲ့ တစ်ပတ်ထက် ပိုလာတယ်လို့ သိရပါသည်။