ပြည်တွင်းဈေးကွက် (၃၁.၁၂.၂၀၁၂)

Fri, 05/17/2013 - 10:40 -- admin

မတ်ပဲမှာ အိန္ဒိယသု့ို ပုံမှန်သွားနေတာဖြစ်ပြီး ဒီဇင်ဘာလကုန်ထိ တင်ပို့မှုမှာ လည်း တန်ချိန်ခြောက်သောင်း ဝန်းကျင်ဖြစ်ပြီး လက်ကျန်မများနိုင်ကြောင်းခန့် မှန်းကြ ပါသည်။ ပဲတီစိမ်းမှာ တရုတ်၊ ရန်ကုန်ဝယ်လက် များရှိနေသဖြင့် အရောင်းအဝယ် ဖြစ်နေ ပါသည်။ ယခု ရန်ကုန်၊ပဲခူး တစ်ဝိုက် ပဲတီစိမ်းစိုက်သော ဒေသများတွင် မိုးရွာသွန်းသည့် အတွက် ပထမစိုက်ထားသော ပဲခင်းများပျက်ပြီး ပြန်စိုက်ရသဖြင့် စိုက်ပျိုးမှု နောက်ကျ လို့ ပဲအထွက်လည်း နောက်ကျမယ်လို့ ခန့်မှန်းကြပါသည်။ ပဲစင်းငုံအသစ်များမှာ ကျောက်ပန်တောင်း၊ မကွေး၊ အောင်လံဘက်မှ ပဲစင်းငုံများ အဝင်လှိုင်စပြုနေပြီး ပခုက္ကူ၊ မန္တလေးဘက်ကလည်း စဝင်လာကြောင်း သိရပါသည်။ မုံရွာ၊တောင်ကြီးဘက်မှာတော့ နောက်လလောက်မှ အဝင်လှိုင်မယ်လို့ ခန့်မှန်းကြပါသည်။ ပြည်ပအဝယ်မသွက် သေးကြောင်းလည်းသိရပါသည်။ယခုအပတ်၏ ပြည်တွင်းဈေး နှုန်းများမှာ မတ်ပဲဈေး ၄၆၅၀၀၀ကျပ် ၊ပဲတီစိမ်းရွှေဝါ ၇၉၆၁၀၀ကျပ်၊ ပဲစင်းငုံ ၅၂၅၀၀၀ ကျပ်ဖြစ်ပြီး၊ ပြည်ပ ဈေးမှာ မတ်ပဲ၆၀၄$၊ ပဲတီစိမ်းရွှေဝါ ၁၀၁၇ $ ၊ ပဲစင်းငုံ ၆၉၄ $ ၊ကုလားပဲ ၅၂၅၀၀၀ $ ရှိကြောင်းသိရပါသည်။