ပဲမျိုးစုံဈေးကွက်အခြေအနေ (21.1.2013)

Fri, 05/17/2013 - 10:43 -- admin

ယခုတစ်ပတ်တွင် အဓိကပဲ (၄)မျိုးဖြစ်သည့် ပြည်တွင်းဈေးနှုန်းများ အနေဖြင့် ပဲတီစိမ်းနှင့်ပဲစင်းငုံ၂ မျိုးမှာ ဈေးမြင့်တက်နေပြီး မတ်ပဲနှင့်ကုလားပဲဖြူလုံးကြီး မှာယခင်အပတ်အတိုင်း ဈေးငြိမ်နေပါသည်။မတ်ပဲပြည်တွင်းဈေး ၄၅၅၀၀၀ ကျပ်၊ ပြည်တွင်း FOB ဈေး ၅၄၅ ဒေါ်လာ၊ အိန္ဒိယမွန်ဘိုင်းဈေး ၅၉၅ ဒေါ်လာ၊ ပဲတီစိမ်းပြည်တွင်းဈေး ၇၇၁၆၀၀ ကျပ်၊ ပြည်တွင် FOB ဈေး ၉၅၀ ဒေါ်လာ၊ အိန္ဒိယမွန်ဘိုင်းဈေး ၉၈၅ ဒေါ်လာ၊ ပဲစင်းငုံပြည်တွင်းဈေး ၅၂၂၀၀၀ ကျပ်၊ ပြည်တွင်း FOB ဈေး ၆၂၀ ဒေါ်လာ၊အိန္ဒိယမွန်ဘိုင်းဈေး ၆၈၈ ဒေါ်လာနှင့် ကုလားပဲဖြူလုံးကြီး ပြည်တွင်းဈေး ၅၅၁၁၀၀ ကျပ် FOB ၆၈၀ ဒေါ်လာ၊ အိန္ဒိယမွန်ဘိုင်းဈေး ၆၇၈ ဒေါ်လာ ဖြစ်ကြောင်းသိရပါသည်။