ဈေးကွက်မှာ ပြည်ပအဝယ်အေးလို့ အရောင်းအဝယ်ကျလာ မတ်ပဲနှင့် ပဲစင်းငုံ

Wed, 10/17/2012 - 04:55 -- Anonymous (not verified)

မတ်ပဲ(RC) နဲ့ ပဲစင်းငုံနီ(RC) ကို ပြည်ပအဆွဲအေးလို့ ဈေးကွက်ကျဆင်းလာပါသည်။ အိန္ဒိယမှ ပဲသစ်စတင်ဝင်ရောက်လာကာ မြန်မာ့မတ်ပဲများ ဝယ်လိုအားလျော့သွားသဖြင့် ဈေးကျဆင်းကာ အရောင်းအဝယ်ဖြစ်မှု လျော့ကျခဲ့ကြောင်းသိရပါသည်။ မတ်ပဲ(RC) တစ်ရက်အတွင်း တစ်တန်ကို ၄၉၉၅၀၀ ကျပ် ဈေးနှင့် တန် ၁၁၅ ခန့်သာ အရောင်း အဝယ်ဖြစ်ခဲ့ ကြောင်းသိရပါသည်။ ပဲစင်ငုံနီ(RC) ကိုလည်း အိန္ဒိယဝယ်လိုအား ကျဆင်း ခဲ့သည့်အတွက် ယခုအပတ်တွင်း ပဲစင်းငုံနီ(RC) ဈေးအေးနေသလို အရောင်းအဝယ် လည်းအေးနေကြောင်း သိရပါသည်။