ပဲလွန်း၊မြေထောက်အရောင်းအဝယ် လျော့ပြီးထောပတ်ပဲ အသင့်အတင့်ဖြစ်(၉.၇.၂၀၁၂)

Wed, 07/11/2012 - 06:47 -- Anonymous (not verified)

အခြားပဲအုပ်စုဝင်ထဲမှာ ပဲလွန်းနဲ့မြေထောက်ပဲရောင်းဝယ်တင်ပို့မှုလျော့ပြီး ထောပတ်ပဲမှာ အသင့်အတင့်ရှိနေပါသည်။ယခင်တစ်ပတ်က ပင်လယ်ရေကြောင်း တင်ပို့မှုအနေနဲ့ ပဲလွန်းဖြူတန် ၄၂၀ ကျော်၊ မြေထောက် ၃၇၅ တန်၊ ထော်ပတ်ပဲ တန် ၆၀၀ ကျော် ရှိခဲ့ရာမှ ယခုတစ်ပတ်(ဇွန်လ ၂၅-၂၉ ရက်) အတွင်းမှာ ပဲလွန်း ၉၆ တန်၊မြေထောက် ၇၃ တန် နဲ့ထောပတ်ပဲ တန် ၅၈၀ ခန့် တင်ပို့နိုင်ခဲ့ကြောင်း သိရပါ သည်။ယခုတစ်ပတ်အတွင်း ပဲလွန်းဖြူမှာ စင်ကာပူ၊တရုတ်နဲ့ ထိုင်းကို တင်ပို့ပြီး မြေထောက်ပဲမှာ ဂျပန်၊စင်ကာပူ၊တရုတ်နဲ့ ထိုင်းတို့ကို တင်ပို့ကြောင်း သိရပါသည်။ ထောပတ်ပဲမှာလည်း ဂျပန်၊တရုတ်နဲ့ ထိုင်းတို့ကို တင်ပို့ခဲ့ကြောင်း သိရပါသည်။

ရန်ကုန် FOB ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ ဇွန် ၂၉ ရက်မှ ဇူလိုင် ၅ ရက်အတွင်း မြေထောက်ပဲ ၅တန်၊ ပဲလွန်းဖြူတန် ၄၀၀ ကျော်နဲ့ ထောပတ်ပဲ တန်ချိန် ၇၆၀ ကျော် အရောင်းအဝယ်ရှိကြောင်း သိရပါသည်။ ပို့ကုန်ဝင်ငွေ တစ်ဒေါ်လာ တန်ဖိုး တိုးလာတာကြောင့် FOB ဈေးများလဲ တိုးခဲ့ရာ ဇူလိုင် ၆ ၇က်မှာ ပဲလွန်းဖြူ FAQ တစ်တန် ကန်ဒေါ်လာ ၆၈၀-၇၀၀၊ SQ တစ်တန် ကန်ဒေါ်လာ ၈၁၀-၈၃၀၊မြေထောက်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၉၁၀-၉၃၀ နဲ့ ထောပတ်ပဲမှာ ကန်ဒေါ်လာ ၅၅၀-၅၇၀ အသီးသီး ရှိကြောင်း သိရပါသည်။