ပဲလွန်းဖြူ

Wed, 07/11/2012 - 06:39 -- Anonymous (not verified)

ပြည်တွင်းဈေးကွက်မှာ ဝယ်လိုအားကောင်းနေတဲ့ ပဲလွန်းဖြူကလက်ကျန် နည်းလာပြီ ဖြစ်ပါသည်။ ထိုကြောင့်လည်းယခုလပိုင်းတွေမှာ ပဲလွန်းဖြူတင်ပို့မှုရော FOB ရောင်းဝယ် မှုပါကျဆင်းလာခဲ့ပါသည်။ ပင်လယ်ရေကြောင်းကတင်ပို့မှုအနေနဲ့ ဇွန် ၁၈ရက်မှ ၂၂ရက် အထိ တစ်ပတ်အတွင်း ပဲလွန်းဖြူတန်ချိန် ၄၂၀ကျော်သာတင်ပို့ နိုင်ခဲ့ ပါသည်။ယခုတစ်ပတ်တင်ပို့တဲ့ နိုင်ငံတွေကတော့ အိန္ဒိယ၊ မလေးရှား၊ စင်ကာပူ၊ဆွီဒင်နဲ့ ဗီယက်နမ်တို့ဖြစ်ပါသည်။ ဇွန် ၂၂ရက်ထိယခုဘဏ္ဍာနှစ်အတွင်း စုစုပေါင်းပဲလွန်းဖြူ တန်ချိန် ၁၃၀၀၀ကျော်တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၉.၅ သန်းကျော် ရရှိကြောင်း သိရပါသည်။

ရန်ကုန် FOB ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ ဇွန်လ ၂၂ရက်မှ ၂၈ရက်ထိ တစ်ပတ်အတွင်းမှာ တန်၁၆၀ကျော်သာ အရောင်းအဝယ်စာချုပ်နိုင်ခဲ့လို့ ယခုတစ်ပတ်ရောင်းဝယ်ခဲ့တဲ့ တန်ချိန် ၆၉၀ထက်လျော့ကျရောင်းဝယ်ခဲ့ကြောင်း သိရပါသည်။ အခြားပဲဈေးတက်လာခြင်းနဲ့အတူ ပဲလွန်းဖြူဈေးလည်း တိုးလာခဲ့ရာ ဇွန်၂၂ရက်မှာ FAQ တစ်တန် ကန်ဒေါ်လာ ၆၆၀-၆၈၀၊ SQ တစ်တန်ကန်ဒေါ်လာ၇၉၀-၈၁၀ရှိရာမှ ဇွန်၂၉ရက်မှာ FAQ တစ်တန် ကန်ဒေါ်လာ ၆၈၀-၇၀၀ နဲ့ SQ တစ်တန် ကန်ဒေါ်လာ ၈၁၀-၈၃၀ကို မြင့်တတ်လာခဲ့ပါသည်။