ပဲတီစိမ်းတင်ပို့မှုအားကောင်း

Tue, 07/24/2012 - 09:44 -- Anonymous (not verified)

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ဇူလိုင်လ ၁၄ ရက်မှ ၁၀ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၂၉၆ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၂၇၂၈ တန် တင်ပို့နိုင်ခဲ့ပါသည်။ယခင်အပတ်က ထက် ၆၂၇ တန်တင်ပို့မှု ပိုမိုလျက်ရှိပါသည်။မိမိဘက် ပဲတီစိမ်း မြေပြင်ပေါက်ဈေးမှာ ယခင်အပတ်ကထက် ၁၀၆၆၇ ကျပ် မြင့်တက်လျက်ရှိပြီး တစ်ဖက်နိုင်ငံဈေးမှာ ငွေဈေးအတက်အကျ ကြောင့်သာ အနည်းငယ်ပြောင်းလဲမှုရှိသော်လည်း တရုတ်ယွမ်းပေါက်ဈေးမှာမှု ပြောင်းလဲမှုမရှိပါဘူး ယခင်အပတ်က ပဲတီစိမ်းတစ်တန်းကို ၅၃၃၂ ယွမ်ပေါက်လျက် ရှိပါသည်။ယခင်အပတ်နဲ့ ယခုအပတ် မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြ လိုက်ရပါသည်။