ပဲစင်းငုံ တင်ပို့မှုအားကောင်းပေမဲ့ ယခင်ပတ်ထက်လျော့

Wed, 07/11/2012 - 06:38 -- Anonymous (not verified)

ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှု ယခုတစ်ပတ်မှာလည်း ဆက်လက် ကောင်းပေမဲ့ ယခင်တစ်ပတ်တင်ပို့မှုထက်တော့ အနည်းငယ်လျော့ကျပါသည်။ ယခင်တစ်ပတ်က တန်ချိန် ၁၄၅၀၀ကျော် တင်ပို့မှုရှိခဲ့ရာမှ ယခုတစ်ပတ် (ဇွန်လ ၁၈-၂၂)အတွင်းမှာ တန်ချိန် ၁၁၀၀၀ ကျော် တင်ပို့ခဲ့ပါသည်။၂၀၁၂-၁၃ ဘဏ္ဍာနှစ် ဇွန်-၂၂ ရက်နေ့အထိစုစုပေါင်းပဲစင်းငုံတန်ချိန် ၉ သောင်းခန့်တင်ပို့ခဲ့ပြီးရရှိသောဝင်ငွေမှာ ကန်ဒေါ်လာ သန်း ၅၀ ကျော်ဖြစ်ကြောင်းသိရှိရပါသည်။ယခင်နှစ်ကာလတူမှာတန်ချိန်

၄၂၀၀၀တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၃၁ သန်းကျော်ရရှိခြင်းကြောင့်ယခုနှစ်မှာ ပမာဏထက်ဝက်ကျော်ပိုမိုတင်ပို့နိုင်ကြောင်းသိရရှိရပါသည်။လာမည့်သီတင်းပတ်တွင်

တင်ပို့မှုဆက်လက်ကောင်းနိုင်ကြောင်းခန့်မှန်းရပါသည်။