ပဲစင်းငုံ တင်ပို့မှဆက်လက်ကောင်းနေ (၉.၇.၂၀၁၂)

Wed, 07/11/2012 - 06:45 -- Anonymous (not verified)

ပြည်ပကို ပဲစင်းငုံတင်ပို့မှု ဆက်လက်အားကောင်းနေပါသည်။ ဇွန် ၂၅ ရက်မှ ၂၉ ရက်ထိ တစ်ပတ်အတွင်း ပဲစင်းငုံတန်ချိန် ၁၄၀၀၀ နီးပါးတင်ပို့ခဲ့ပြီး ဇွန်တစ်လလုံးမှာ တန်ချိန် ၅၄၀၀၀ ကျော်ထိ တင်ပို့မှုတိုးတက်ခဲ့ပါသည်။ ၂၀၁၂ မေမှာ တန်ချိန် ၃၅၀၀၀ ကျော်တင်ပို့နိုင်ခဲ့ပြီး ၂၀၁၁ ဇွန်လအတွင်းမှာ တန်ချိန် ၂၁၀၀၀ ကျော် သာတင်ပို့နိုင် ခဲ့လို့ယခုနှစ် ဇွန်မှာ တင်ပို့မှုသိသိသာသာ ပိုနေပါသည်။

လက်ရှိဘဏ္ဍာနှစ် ဇွန် ၂၉ ရက်အထိ စုစုပေါင်းတင်ပို့ပြီးစီးမှုမှာ တစ်သိန်းကျော် ပြီး ကန်ဒေါ်လာ ၅၉ သန်းခန့်ရရှိခဲ့လို့ ယခင်ဘဏ္ဍာနှစ်ကာလတူ တင်ပို့ခဲ့တဲ့ တန်ချိန် ၄၇၀၀၀ ကျော်မှ ကန်ဒေါ်လာ ၃၅ သန်းခန့်နဲ့ ယှဉ်ရင်ယခုနှစ်မှာ ပမာဏအားဖြင့် ၁ဆကျော် ပိုတင်နိုင်ခဲ့ပါသည်။လာမယ့်သီတင်းပတ်မှာလည်း ပုံမှန်တင်ပို့နိုင်မယ်လို့ ခန့်မှန်းရပါသည်။