ပဲစင်းငုံအရောင်းအဝယ် ပြန်တက်

Fri, 07/27/2012 - 03:39 -- Anonymous (not verified)

ပဲစင်းငုံ FOB အရောင်းအဝယ်ဖြစ်မှုက ဒီတစ်ပတ်ပိုလာတာ တွေ့ရပါသည်။ ဒါပေမဲ့ ပြည်ပတင်ပို့မှုကတော့ ပြီးခဲ့တဲ့ တစ်ပတ်ထက်လျော့ကျခဲ့ပါသည်။ ကုန်သည် ကြီးတွေ တော်တော်များများမှာ မတ်ပဲလက်ကျန်ရှိနေပေမဲ့ ပဲစင်းငုံကတော့ထင်သ လောက် သိပ်မရှိဘူးလို့ ခန့်မှန်းကြပါသည်။လတ်တလော အိန္ဒိယဝယ်လက်တွေက သြဂုတ်လ သင်ဘောတင်အတွက် မာလာဝီ၊ တန်ဇန်းနီးယားက ကမ်းလှမ်းတဲ့ ပဲစင်းငုံတွေကို ဝယ်ယူမှုရှိနေတယ်လို့ သိရပါသည်။ဒါပေမဲ့ အာဖရိက ပဲပြတ်မယ့် ဒီဇင်ဘာ၊ဇန်နဝါရီလမှာတော့ မြန်မာဘက်ကို ဝယ်လိုအား ပမာဏကြီးကြီးနဲ့ တကြော့ပြန်လာရင်တော့ ပဲစင်းငုံလည်း ထူးထူးခြားခြား မြင့်တက်လိမ့်ဦးမယ်လို့ ကုန်သည်တစ်ဦးက သုံးသပ်ထားပါသည်။