ပို့ကုန် အမယ်သစ် စပရိန်မွေ့ယာ

Tue, 12/20/2011 - 08:40 -- Anonymous (not verified)

ဒီတစ်ပတ်  Commerce ပရိသတ်ကြီး အတွက် သတင်းကောင်း ပေးချင်တာကတော့ ပို့ကုန်အမယ်သစ်ဖြစ်တဲ့ မြန်မာပြည်က ထုတ် လုပ်တဲ့ စပရိမ်မွေ့ယာ အကြောင်းပါ၊ မြန်မာနိုင်ငံရဲ့ အဓိကပို့ကုန်တွေကိုကြည့်ရင် လယ်ယာထွက်ကုန် ပစ္စည်းဖြစ်တဲ့ ဆန်၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ ရော်ဘာ သစ်တောထွက်ပစ္စည်းဖြစ် တဲ့  သစ်လုံးအမျိုးမျိုး၊ ခွဲသား၊ အထပ်သား၊ သစ်ပါးလွှာ၊ ပရိဘောဂ၊ ရေ ထွက်ပစ္စည်းတွေဖြစ်တဲ့ ရေချို/ရငန် ငါးပုစွန်မျိုးစုံ  စသည်ဖြင့် ကုန်ကြမ်းပစ္စည်း (Raw Material) တွေ အများဆုံးတင်ပို့တာဖြစ်ပြီး ကုန်ချောပစ္စည်း ထုတ်လုပ်တင်ပို့မှုအနေနဲ့ နည်းးပါးသေးတာကို တွေ့ရပါတယ်။ တိုးတက်လာတဲ့ ခေတ်နဲ့ အညီ အသုံးအဆောင်ပစ္စည်းတွေလည်း ခေတ်မီအဆင့် အတန်းမြင့်လာပါတယ်။ များသောအားဖြင့် လူသုံး ကုန်ပစ္စည်းတွေကို ပြည်ပကနေ မှာယူတင်သွင်း သုံးစွဲနေကြရတာ ဖြစ်ပါတယ်။ ပြည်တွင်းထုတ်လုပ်မှု တွေ တိုးတက်လာတာနဲ့အမျှ ပြည်ပကတင်သွင်းမှု ကို လျှော့ချနိုင်မယ် ဆိုရင် နိုင်ငံတော် အတွက် နိုင်ငံ ခြားငွေ ပိုမိုလာမှာ ဖြစ်ပါတယ်။
ခေတ်မီ   အိပ်ခန်းပစ္စည်းဖြစ်တဲ့ စပရိန် မွေ့ယာမျိုးစုံကို ပြည်ပကနေ တင်သွင်းသုံးစွဲမှုတွေ ရှိနေဆဲပါ။ တံဆိပ်မျိုးစုံ၊ ထုတ်လုပ်တဲ့ နိုင်ငံမျိုးစုံကနေ တင်သွင်းသုံးစွဲနေကြတာဖြစ်ပါတယ်။ ပြည်ပ ကတင်သွင်းနေရတဲ့ ကုန်ချောတစ်မျိုးကို ပြည်တွင်း မှာထုတ်လုပ်ပြီး တစ်ပိုင်တစ်နိုင် သွင်းကုန်အစားထိုး ဖြန့်ဖြူးရောင်းချနေတဲ့အပြင် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ပြည်ပပို့ကုန်အဖြစ် ပထမဆုံးအကြိမ် စမ်း သပ် တင်ပို့ဖို့အတွက် VALENTINE စပရိန် မွေ့ယာ  တစ်ယောက်အိပ်နဲ့ နှစ်ယောက်အိပ် နှစ်မျိုးကို တစ်ဖက်ကုန်ဝယ်သူ ကုမ္ပဏီ တစ်ခုကို အခုရေ ၄၀၀ နှုန်းနဲ့ ကုမ္ပဏီ သုံးခုကို မွေ့ယာ ၁၂၀၀ တင်ပို့သွားမှာ ဖြစ်ပါတယ်။ တစ်ယောက် အိပ် ၃၀၀ နဲ့ နှစ်ယောက်အိပ် ၉၀၀ ဖြစ်ပါတယ်။ ပစ္စည်းတင်ပို့ဖို့အတွက် ကုန်သွယ်ရေးညွှန်ကြား မှုဦးစီးဌာနမှ ပို့ကုန်လိုင်စင် ထုတ်ပေးခဲ့ပြီးဖြစ် ကြောင်း သိရပါတယ်။ လောလောဆယ် အိမ်နီး ချင်းနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့ပြီး နောက်ထပ် အခြားပြည်ပ သွင်းကုန်တွေနဲ့ အရည် အသွေးပိုင်း  ယှဉ်ပြိုင်နိုင်ရေး ကြိုးပမ်းလျက်ရှိ ကြောင်း သိရပါတယ်။ ပြည်တွင်းက ထုတ်လုပ် လိုက်တဲ့ အိမ်သုံးကုန်ချောပစ္စည်း တစ်မျိုးကို ပြည် တွင်းရောင်းချမှုသာမက ပြည်ပသို့ပါ ဈေးကွက် စမ်းသပ်တင်ပို့နေပြီဖြစ်တဲ့အကြောင်း ဂုဏ်ယူ ဝမ်းမြောက်နိုင်ဖို့နဲ့ အခြားကုမ္ပဏီများအနေနဲ့ လည်း ကုန်ချောပစ္စည်းများ အားကျအတုယူ ထုတ် လုပ်တင်ပို့နိုင်ဖို့အတွက် သတင်းကောင်းပါး ရေး သား တင်ပြလိုက်ပါတယ်။        
သက်နိုင်ဦး