Date : 26 July 2012
ပါကစ္စတန်၏ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် (ဇူလိုင်လမှ ဇွန်လအထိ) အတွင်း ဆန်တင်ပို့မှုသည် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်အတွင်း တင်ပို့မှုနှင့်ယှဉ်လျှင် ၁၀.၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု ပါကစ္စတန် စာရင်းအင်းဗျူရိုက ထုတ်ပြန်ထားသည်။
၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်အတွင်း ဆန်တန်ချိန်စုစုပေါင်း ၃.၆၇ သန်းသာ တင်ပို့နိုင်ခဲ့သော်လည်း ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် တန်ချိန်စုစုပေါင်း ၃.၂၉ သန်းသာ တင်ပို့နိုင်ခဲ့သည်။ ပြည်ပဝယ်လိုအား ကျဆင်းမှုကြောင့် ဘာစမာတီဆန်နှင့် ဘာစမာတီမဟုတ်သော သာမန်ဆန်ဖြူ နှစ်မျိုးလုံး တင်ပို့မှုပမာဏ ကျဆင်းသွား၍ စုစုပေါင်းတင်ပို့မှုပမာဏပါ လျော့ကျသွားခြင်းဖြစ်သည်။ ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှုပမာဏကျဆင်းသော်လည်း ဝင်ငွေမှာမူ ယခင်နှစ်က တင်ပို့မှုထက် ၃.၇% တိုးတက်ခဲ့သည် ဟု သိရသည်။
Source : oryza.com
pa pa