လယ်ယာထွက်ကုန်ပစ္စည်း ပို့ကုန်လိုင်စင်လျှောက်ထားရာတွင် တင်ပြရမည့်အချက်များ

Thu, 12/13/2012 - 09:50 -- Anonymous (not verified)

၁။ ပဲမျိုးစုံ ပို့ကုန်လိုင်စင်အားလုံးအတွက် ကုမ္ပဏီများအနေဖြင့် အောက်ပါအချက်များ ပူးတွဲတင်ပြရ ပါမည်။

(က) ကုမ္ပဏီ Letter Head ဖြင့် ပို့ကုန်လိုင်စင်လျှောက်လွှာ။

( ခ) Online Application Form ။ ၆၀၀ ကျပ်တန် တံဆိပ်ခေါင်းကပ်ပြီး လျှောက်လွှာ။

( ဂ) ပြည်ပ ကုမ္ပဏီနှင့် ချုပ်ဆိုထားသော အရောင်းအဝယ်စာချုပ် (Sale Contract/Invoice) ၊ (ကုန်ပို့နိုင်ငံတစ်နိုင်ငံ ၊ ဆိပ်ကမ်း (၁) ခုသာ ဖော်ပြရန်) အရောင်းအဝယ်စာချုပ်တွင် ပါဝင် ရမည့် အချက်များ ပြည့်စုံစွာဖော်ပြရန်)

(ဃ) လျှောက်ထားသည့် ကုမ္ပဏီ၏ ကိုယ်စားလှယ်ကဒ် မူရင်း/ မိတ္တူ ။

( င) သင်္ဘောတင်ပြီးစီးမှုကို ဌာနသို့ အထောက်အထားဖြင့် တင်ပြရန် ။

၂။ အခြားလယ်ယာထွက်ကုန်ပစ္စည်း ပို့ကုန်လိုင်စင်အားလုံးအတွက် ကုမ္ပဏီများအနေဖြင့် အောက်ပါ အချက်များ ပူးတွဲတင်ပြရပါမည် -

(က) ကုမ္ပဏီ Letter Head ဖြင့် ပို့ကုန်လိုင်စင်လျှောက်လွှာ ။

( ခ) Online Application Form ။ ၆၀၀ကျပ်တန် တံဆိပ်ခေါင်းကပ်ပြီး လျှောက်လွှာ။

( ဂ) ပြည်ပ ကုမ္ပဏီနှင့် ချုပ်ဆိုထားသော အရောင်းအဝယ်စာချုပ် (Sale Contract/Invoice) ၊ (ကုန်ပို့နိုင်ငံ (၁) နိုင်ငံ ၊ ဆိပ်ကမ်း (၂) ခု ဖော်ပြပါက ခိုင်လုံသော အထောက်အထားတင်ပြ စေရန်) အရောင်းအဝယ်စာချုပ်တွင် ပါဝင်ရမည့် အချက်များ ပြည့်စုံစွာဖော်ပြရန်)

(ဃ) လျှောက်ထားသည့် ကုမ္ပဏီ၏ ကိုယ်စားလှယ်ကဒ် မူရင်း/ မိတ္တူ ။

( င) သက်ဆိုင်ရာဌာန ထောက်ခံချက်တင်ပြရမည့် ကုန်ပစ္စည်းများ -

(၁) မျိုးစေ့ - မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ထောက်ခံချက်။

(၂) အသီးအနှံများ - လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

ထောက်ခံချက်။

(စ) အမယ်သစ်ပို့ကုန်ပစ္စည်းများအတွက် နမူနာပစ္စည်း ၊ ဓါတ်ပုံ ၊ ဈေးနှုန်း တွက်ချက်မှု ၊ ထွက်ရှိသည့် ဒေသ ၊ ပြည်တွင်းဈေး ၊ ကုန်ပစ္စည်းအသုံးပြုပုံ)

(ဆ) သင်္ဘောတင်ပြီးစီးမှုကို ဌာနသို့ အထောက်အထားဖြင့် တင်ပြရန်။

၃။ ရာဘာပို့ကုန်လိုင်စင်အတွက် ကုမ္ပဏီများအနေဖြင့် အောက်ပါ အချက်များ ပူးတွဲတင်ပြရပါမည် -

(က) ကုမ္ပဏီ Letter Head ဖြင့် ထုတ်ကုန်လိုင်စင်လျှောက်လွှာ။

( ခ) Online Application Form ။ ၆၀၀ကျပ်တန် တံဆိပ်ခေါင်းကပ်ပြီး လျှောက်လွှာ။

( ဂ) ပြည်ပကုမ္ပဏီနှင့် ချုပ်ဆိုထားသော အရောင်းအဝယ်စာချုပ် (Sale Contract/Invoice) ၊ (ကုန်ပို့နိုင်ငံတစ်နိုင်ငံ ၊ ဆိပ်ကမ်း (၁) ခုသာဖော်ပြရန်) အရောင်းအဝယ်စာချုပ်တွင်ပါဝင်ရမည့် အချက်များ ပြည့်စုံစွာ ဖော်ပြရန်)

(ဃ) လျှောက်ထားသည့် ကုမ္ပဏီ၏ ကိုယ်စားလှယ်ကဒ် မူရင်း/မိတ္တူ။

( င) သင်္ဘောတင်ပြီးစီးမှုကို ဌာနသို့ အထောက်အထားဖြင့် တင်ပြရန် ။

၄။ ဆန်ပို့ကုန်လိုင်စင်အတွက် အောက်ပါအချက်များ ပူးတွဲတင်ပြရပါမည် -