မလေးရှားနိုင်ငံသို့ ပင်လယ်ရေကြောင်းမှသွားမည့် မြန်မာ့ တာယာ

Wed, 12/12/2012 - 03:09 -- Anonymous (not verified)

ပည်တွင်းတွင်ပေါများစွာထွက်ရှိပြီး ပြည်ပသို့ ကုန်ကြမ်းအတိုင်း တင်ပို့လျှက်ရှိသော မြန်မာ့ရာဘာ ကုန်ကြမ်းများအား အသုံးပြု ပြီး ပြည်တွင်းစက်ရုံတွင် ထုတ်လုပ်ထားသည့် Yangon Tyre (7.00-16)(12PR) တစ်လုံးလျှင် အမေရိကန်ဒေါ်လာ(75)ဖြင့် တာရာ(350)လုံးအား မလေးရှားနိုင်ငံသို့ ပင်လယ်ရေကြောင်းမှ တင်ပို့ရန်အတွက် ကုမ္ပဏီတစ်ခုမှ ပို့ကုန်လိုင်စင်လာရောက်လျှောက်ထားခဲ့ကြောင်းသိရှိရပါတယ်..တာယာထုတ်လုပ်မှုနှင့်ပတ်သက်ပြီး ဗဟုသုတရရှိကြစေရန် အတွက် အဆိုပါကုမ္ပဏီအား မေးမြန်းပြီး တင်ပြပေးလိုက်ပါတယ်-

(က) Section01 ( Rubber Compounding Section)= ကုန်ကြမ်းရာဘာများနှင့်ဓါတုပစ္စည်းများအား အချိုးကျရောစပ်ပြီး ပေါင်းစပ်သွားအောင်ပေါင်းခြင်း။

(ခ) Section02 ( Nylon Cord Rubberising   Section)= အထက်ပါပေါင်းပြီးထွက်ရှိလာသောပစ္စည်း များအား နိုင်လွန်ပေါ်တွင်(12PR/14PR/16PR) စသည်ဖြင့်ရရှိအောင် အထပ်လိုက်ခင်းခြင်း။

(ဂ) Section03 ( Rubber Tread Extrusion Section)= တာယာပေါ်တွင်ပါရှိသော ပန်းသားဖေါ်ခြင်း၊ မြောင်းဖေါ်ခြင်းလုပ်ငန်းအားဆောင်ရွက်ခြင်း။

(ဃ) Section04 ( BEAD   Section)= Section02 မှထွက်ရှိလာသောပစ္စည်းများအားတာယာနှုတ်ခမ်း သား(စတီး/ကြေး)များထည့်ခြင်း။

(င) Section05 ( BIAS CUTTING   Section)=Section04မှထွက်ရှိလာသောပစ္စည်းများအား တာယာ(1)လုံးစာ ရရှိ အောင် တာယာအရွယ်အစားအလိုက် အထပ်လိုက်ဖြတ်တောက်ခြင်း။

(စ) Section06 ( Tyre Building   Section)= Section05 မှထွက်ရှိလာသောပစ္စည်းများအားတာယာ ပုံစံ ဖြစ်အောင်(တာယာစိမ်း)ရရှိအောင် ဆောင်ရွက်ခြင်း။

(ဆ) Section07 ( Tyre Curing   Section)= တာယာစိမ်းကို ပေါင်းခြင်း ။

(ဇ) Finished Product Tyre = ပေါင်းစက်မှထွက်ရှိလာသော တာယာများမှ မလိုအပ်ဘဲထွက်ရှိနေ သော အမျှင်စများဖြတ်တောက်ဖယ်ထုတ်ခြင်း၊လေထိုးပြီးစမ်းသပ်ခြင်း၊ မိုထဲထည့်ပြီးပုံဖော်ခြင်း။

(ဈ) Tyre Inspection = ထွက်ရှိလာသော တာယာများ၏ အရည်အသွေးများအားစစ်ဆေးခြင်း။

(ည) Packing   = အရည်အသွေးပြည့်မီသော တာယာများအား အမျိုးအစားအလိုက်ထုတ်ပိုးခြင်း။

အဆိုပါကုမ္ပဏီအနေဖြင့် လုပ်သားအင်အား(200)ကျော်အသုံးပြုပြီး ခေတ်မီနည်းပညာများဖြင့် တစ်ရက်လျှင် အလုပ်ဆိုင်းနှစ်ဆိုင်းဖြင့် (16)နာရီလျှင် တာရာအလုံးရေ(100)ခန့် ထုတ်လုပ်ဆောင် ရွက်လျှက်ရှိပြီး ကုန်ကြမ်းရာဘာအနေဖြင့် တာယာတစ်လုံးလျှင်(6.3054) Kg အသုံးပြုဆောင်ရွက်လျှက် ရှိသဖြင့် တစ်ရက်လျှင် ရာဘာကုန်ကြမ်းတန်ချိန်(0.63)တန် နေ့စဉ်အသုံးပြုဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါတယ်… ဒီလိုမျိုး ပြည်တွင်းမှာ ထုတ်လုပ်ခြင်းဖြင့် ကမ္ဘာ့ရာဘာဈေးကွက်မှာ အရည်အသွေး မကောင်းလို့ ဈေးနှုန်းအနိမ့်နဲ့ရောင်းချနေရတဲ့မြန်မာ့ရာဘာကုန်ကြမ်းထုတ်လုပ်သူတွေအတွက်တော့ သတင်းကောင်းဘဲဖြစ်ပါတယ်… ကိုယ့်ပြည်တွင်းမှာဘဲ ဈေးကောင်းရရှိလာမဲ့အလားအလာကောင်းတွေ ရှိနေပြီဖြစ်ပါတယ်..

ပြည်တွင်းစက်မှုလုပ်ငန်းများနှင့်ပတ်သက်ပြီး နိုင်ငံတော်အစိုးရ အနေဖြင့် ဆင်းရဲနွမ်းပါးမှုပပျောက် ရေးအတွက် ဦးတည်ပြီး အားပေးဆောင်ရွက်လျှက်ရှိနေချိန်တွင် ပြည်တွင်းထွက်ကုန်ကြမ်းပစ္စည်းများအား အသုံးပြုပြီး ပြည်တွင်းတွင် ထုတ်လုပ်ထွက်ရှိသော တန်ဖိုးမြှင့် ကုန်ချောပစ္စည်းဖြစ်သည့် Yangon Tyre ပြည်ပတင်ပို့မည့်သတင်းကောင်းအားမျှဝေပေးလိုက် ပါတယ်ခင်ဗျာ…..

Exp- mg mg lwin