ပို့ကုန်လုပ်ငန်းဌာနခွဲ၏ လတ်တလောပြောင်းလဲဆောင်ရွက်နေမှုများ

Mon, 09/19/2011 - 11:20 -- Anonymous (not verified)

၁။ပဲမျိုးစုံပို့ကုန်တင်ပို့နေမှုများနှင့်ပတ်သက်၍ ယခင်ကပစ္စည်းအမှန်တကယ်လက်ဝယ်ရှိ/မရှိ စစ်ဆေးချက်တင်ပြဆောင် ရွက်ရသော်လည်း ယခုအခါပဲမျိုးစုံတန်(၁၂၀)နှင့်အထက်တင်ပို့မှသာ စစ်ဆေးချက်ပူးတွဲတင်ပြရန်လိုအပ်ပြီး တန်(၁၂၀) နှင့်အောက်တင်ပို့သူများအတွက် စစ်ဆေးချက်ပူးတွဲတင်ပြရန်မလိုပါ။

၂။လိုင်စင်လျှောက်ထားမှုများနှင့်ပတ်သက်၍ ယနေ့လျှောက်ထားသောပို့ကုန်လိုင်စင်များအား နေ့စဉ်ကျင်းပပြုလုပ်သော EICC အစည်းအဝေးသို့တင်ပြ၍ အစည်းအဝေးမှခွင့်ပြုချက်ရရှိပါက နေ့ချင်းပြီးလိုင်စင်များထုတ်ပေးလျှက်ရှိပါသည်။ လိုင် စင်သက်တမ်း(၃)လခွင်ပြုပါသည်။

၃။ယခင်ကအင်္ဂါနေ့တွင်လိုင်စင်လက်ခံဆောင်ရွက်ပေးခြင်းမရှိသော်လည်း ယခုအခါအစိုးရရုံးဖွင့်ရက်တိုင်းလိုင်စင်များ လက်ခံဆောင်ရွက်ပေးခြင်း။

၄။ငါးမျိုးစုံတင်ပို့ခြင်းနှင့်ပတ်သက်၍ ယခင်ကရေထွက်ပစ္စည်းဝယ်ယူစုဆောင်းခွင့်(ဝယ်စုကဒ်)နှင့်ငါးလုပ်ငန်းဦးစီးဌာနမှ သတ်မှတ်သည့်(၃)လတစ်ကြိမ်ဈေးနှုန်းအတိုင်းတင်ပို့ခွင့်ပြုခဲ့ရာမှ ယခုအခါဝယ်စုကဒ်တင်ပြရန်မလိုဘဲပြည်ပ Buyer နှင့် အမှန်တကယ်အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်း(Sale Contract)ပါလုပ်ငန်းရှင်များလျှောက်ထားသည့်ဈေးနှုန်းအတိုင်း လိုင်စင်လျှောက်ထားခွင့်ပြုခြင်း။

၅။ယခင်ကတစ်ပတ်လျှင်တစ်ကြိမ်သာလိုင်စင်များထုတ်ပေးခဲ့သော်လည်း ယခုအခါနေ့စဉ်ပို့ကုန်လိုင်စင်များလွယ်ကူ လျှင်မြန်စွာဖြင့် ရရှိစေရေးပြောင်းလဲဆောင်ရွက်ပေးခြင်း။

၆။ဈေးနှုန်းအစည်းအဝေးအားယခင်ကနှစ်ပတ်လျှင်တစ်ကြိမ်ကျင်းပဆောင်ရွက်လျှက်ရှိရာမှယခုအခါအပတ်စဉ်တစ်ပတ် လျှင်တစ်ကြိမ်(ကြာသပတေးနေ့တိုင်းဈေးနှုန်းအကြိုညှိနှိုင်းအစည်းအဝေး)နှင့်(သောကြာနေ့တိုင်းဈေးနှုန်းအတည်ပြုအ စည်းအဝေး)တို့အားကျင်းပပြုလုပ်ပြီး ပြည်တွင်း/ပြည်ပတွင်ဖြစ်ပေါ်နေသောဈေးနှုန်းများနှင့်လိုက်လျောညီထွေစွာဖြင့် ရောင်းဝယ်မှုပြုလုပ်နိုင်ရေးဆောင်ရွက်ပေးလျှက်ရှိပါသည်။

၇။ပို့ကုန်လုပ်ငန်းဌာနခွဲအနေဖြင့်ပို့ကုန်လိုင်စင်များအားလုပ်ငန်းရှင်များအနေဖြင့်လွယ်ကူလျှင်မြန်စွာဖြင့်ရရှိအောင်စေတ နာထားဆောင်ရွက်ပေးလျှက်ရှိသော်လည်းလုပ်ငန်းရှင်များအနေဖြင့် အမှန်တကယ်တင်ပို့နိုင်မှုမရှိဘဲလိုင်စင်များလက်ဝယ် ကိုင်ဆောင်ထားပြီး လိုင်စင်ဝယ်ရောင်းပြုလုပ်ခြင်းများဆောင်ရွက်ခြင်းကြောင့် လိုင်စင်တန်ဖိုးနှင့်အမှန်တင်တန်ဖိုးများကွာ ဟချက်ကြီးမားလာပြီး လိုင်စင်ဖောင်းပွမှုများဖြစ်ပေါ်လာသဖြင့် စိစစ်ဆောင်ရွက်ရခြင်း၊ အမှန်တကယ်တင်ပို့နိုင်ခြင်းမရှိပါ က သတ်မှတ်လိုင်စင်ပယ်ဖျက်ကြေးပေးဆောင်၍ ပြန်လည်အပ်နှံရန်ပျက်ကွက်ခြင်း၊ ပို့ကုန်လိုင်စင်ပါတန်ချိန်အတိုင်းတင် ပို့နိုင်ခြင်းမရှိသည့်အခါ သတ်မှတ်ပြင်ဆင်ကြေးများပေးဆောင်၍ အမှန်တင်ပြင်ဆင်ရန်ပျက်ကွက်ခြင်းများရှိနေသဖြင့် လုပ် ငန်းရှင်များအနေဖြင့် မှန်ကန်စွာဖြင့်ဆောင်ရွက်ကြရန် လိုအပ်လျှက်ရှိပါသည်။