ဂျပန်နိုင်ငံသို့သွားမည့် ကိုရီးယားနည်းပညာဖြင့်ထုတ်လုပ်ထားသည့် မြန်မာ့နှမ်းလှော်ဆီမွှေး

Thu, 12/06/2012 - 02:51 -- Anonymous (not verified)

ပြည်တွင်းလိုအပ်ချက်အရ ယခင်က နှမ်းနက်နှင့်နှမ်းဖြူမှလွဲ၍ ဆီကြိတ်ရာတွင်အသုံးပြုသော နှမ်းနီ၊ နှမ်းညိုနှင့် နှမ်းဆီတို့အား တင်ပို့ခွင့်ပိတ်ပင်ခဲ့ရာမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၁၁ခုနှစ်၊ သြဂုတ်လ (၂၉)ရက်စွဲပါ အမိန့်အမှတ် ၁/၂၀၁၂ ဖြင့် နှမ်းနီ၊ နှမ်းညို၊ နှမ်းဆီတို့နှင့် မြေပဲ၊ မြေပဲဆီတို့အား ပြန်လည်တင်ပို့ခွင့်ပြုခဲ့ သဖြင့် နှမ်းစိုက်တောင်သူများ အကျိုးများစွာဖြစ်ထွန်းခဲ့ကြကြောင်းနှင့် မြေပဲနှင့်နှမ်းများဈေးကောင်းရရှိနေသဖြင့် တောင် သူများအနေဖြင့် စိုက်ဧကများတိုးချဲ့စိုက်ပျိုးလျှက်ရှိကြောင်းလည်း သိရှိရပါတယ်……

ယခုအခါ ကုမ္ပဏီတစ်ခုမှ ကိုရီးုယားနည်းပညာဖြင့်ထုတ်လုပ်ထားသော မြန်မာ့နှမ်းလှော်ဆီမွှေးအား ဂျပန်နိုင်ငံ သို့တင်ပို့ရန်အတွက် တန်(၃၀)အား တစ်တန်လျှင်အမေရိကန်ဒေါ်လာ(၃၅၀၀)ကျော်ဖြင့် ပို့ကုန်လိုင်စင်လာရောက် လျှောက်ထားခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါကုမ္ပဏီအနေနဲ့ ကိုရီးယားနိုင်ငံသို့မြန်မာ့နှမ်းများအား ကုန်ကြမ်းအတိုင်း တင်ပို့လျှက်ရှိရာမှနေ၍ ကိုရီးယားနိုင်ငံမှစက်ပစ္စည်းများမှာယူတင်သွင်းခဲ့ပြီး ကိုရီးယားနည်းပညာဖြင့် တန်ဖိုးမြှင့်ကုန် ချောပစ္စည်းများအဖြစ် နှမ်းလှော်ဆီမွှေးထုတ်လုပ်ပြီး ဂျပန်နိုင်ငံသို့တင်ပို့ရန်အတွက် စတင်ဆောင်ရွက်လာခြင်းဖြစ်ပါ တယ်။ ဂျပန်နိုင်ငံမှာ နှမ်းလှော်ဆီမွှေးကို အသီးအရွက်များသုပ်စားရာတွင် အမွှေးဆီအဖြစ် အနည်းငယ်သာခပ်၍အသုံး ပြုကြောင်းလည်းသိရှိရပါတယ်။ နှမ်းလှော်ဆီမွှေးထုတ်လုပ်တဲ့နေရာမှာ နှမ်းကုန်ကြမ်းပေါ်တွင် နှမ်းလှော်ဆီမွှေး(၄၀)ရာ ခိုင်နှုန်းခန့်ထွက်ရှိကြောင်းနဲ့ စက်အလုံး(၃၀)မှာ လုပ်သားအင်အား(၃၀)အသုံးပြုဆောင်ရွက်လျှက်ရှိပြီး နှမ်းလှော်ဆီ တစ်တန်ခန့်ထွက်ရှိရန် (၁၀)နာရီကြာကြိတ်ရကြောင်းလည်း သိရှိရပါတယ်။ ကိုရီးယားနိုင်ငံအနေနဲ့ နှမ်းကုန်ကြမ်းအ တိုင်းတင်သွင်းရင် ပိုးမွှားရောဂါပါမှာစိုးရိမ်တဲ့အတွက် အခွန်တိုးမြှင့်ထားပြီး နှမ်းလှော်မှုန့်တင်သွင်းရင်တော့ အခွန်ကင်း လွတ်ခွင့်ပေးထားတယ်လို့သိရှိရပါတယ်။ ဘေးထွက်ပစ္စည်းအနေနဲ့ ထွက်ရှိလာတဲ့နှမ်းဖတ်မှာလည်း လူတို့အတွက်အ ဟာရဖြစ်စေသော ပရိုတင်းဓါတ်များစွာ ပါဝင်နေသေးတဲ့အတွက် မုန့်ပဲသွားရေစာအဖြစ်ပြုလုပ်ရာမှာ အသုံးပြု၍ရ ကြောင်းလည်း သိရှိရပါတယ်။ နည်းပညာတွေအဆင့်မြင့်လာတာနဲ့အညီ ဘေးထွက်ပစ္စည်းကပါ တန်ဖိုးရှိနေတာကို တွေ့ရှိရပါတယ်။ အဆိုပါကုမ္ပဏီအနေနဲ့ ပြည်တွင်းမှာလည်းဖြန့်ဝေဖို့ဆောင်ရွက်မယ်လို့သိရတဲ့အတွက် ပြည်သူများ အနေနဲ့ ယခုလက်ရှိအချိန်မှာကျန်းမာရေးနဲ့မညီညွတ်တဲ့ ကျန်းမာရေးကိုထိခိုက်စေတဲ့ ဆီအရောအနှောတွေကိုစိုးရိမ်မှု ကြီးစွာနဲ့ စားသုံးနေရတဲ့အချိန်မှာ ကျန်းမာရေးအတွက် အထူးသင့်လျော်တဲ့နှမ်းလှော်ဆီမွှေးအား မကြာခင်စိတ်ချယုံ ကြည်စွာနဲ့ ဝယ်ယူစားသုံးနိုင်တော့မှာ ဖြစ်ပါတယ်။ မြန်မာ့နှမ်းလှော်ဆီမွှေးဖြစ်အောင်ဆောင်ရွက်တဲ့ လုပ်ငန်းအဆင့် ဆင့်ကို ဗဟုသုတရရှိစေရေးအတွက် မျှဝေပေးလိုက်ပါတယ်။

ကုန်ကြမ်းပြုပြင်ခြင်း(နှမ်းရိုင်းမှ - နှမ်းလှော်ခြင်းသို့ )

၁။ ဇကာချခြင်း ( Sieving )

၂။ ရေဖြင့် ဆေးကြောခြင်း ( washing)

၃။ အရွယ်အစားရွေးချယ်ခြင်း ( Sizing )

၄။ မီးဖြင့်လှော်ခြင်း ( Roasting by rotary Pot)

၅။ အအေးခံခြင်း ( Cooling )

၆။ Silo ဖြင့် ထပ်မံအအေးခံခြင်း

ကုန်ချောနှမ်းလှော်ဆီမွှေးထုတ်လုပ်ခြင်း (နှမ်းလှော်မှ နှမ်းလှော်ဆီမွှေးသို့)

၁။ ဆီညှစ်စက်ထဲသို့ နှမ်းလှော် 5 kg ထည့်သွင်းခြင်း။

၂။ ဆီညှစ်စက်ကို စတင်ဖွင့်လှစ်ပြီး 600 kgf/cm2အထိ အလိုအလျောက်ဖိညှစ်ခြင်း။

၃။ မိနစ် 30 ကြာမျှ အထက်ပါ ဖိအားဖြင့် ဆက်တိုက်ဖိညှစ်ခြင်း Pressure လျှော့သွားပါကအလိုအလျောက်

ထပ်မံ ဖိအားပေး၍ ဖိညှစ်ခြင်း။

၄။ အချိန်ပြည့်လျှင် ဖိအားလျှော့ချ၍ ဆီကြိတ်ပြီး နှမ်းဖတ်များကို ဖယ်ထုတ်ကာနှမ်းလှော်အသစ်များထည့်၍

အမှတ်စဉ် (၃)ပါအတိုင်းဆက်လက်ဆောင်ရွက်စေခြင်း။

၅။ ထွက်ရှိလာသော နှမ်းလှော်ဆီများကို ဆီခံပိုက်လိုင်းများမှ တဆင့် ယာယီ သိုလှောင်ကန်သို့ပို့ခြင်း။

၆။ ယာယီသိုလှောင်ကန်တွင် အနယ်ထိုင်စေပြီး အပေါ်ဆီများကို air Pump ဖြင့်Over Head Tank များသို့

ဖြည့်သွင်း၍ ထပ်မံအနယ်ထိုင်စေခြင်း။

၇။ Over Head Tank များအတွင်းရှိ လက်ကျန်ဆီအနှစ်များကို 15 ရက် တစ်ကြိမ် ဆီစစ်Filter စက်တွင်

ဖြတ်သန်း၍ ထပ်မံသန့်စင်ခြင်း။

၈။ အဆိုပါ သန့်စင်ပြီး နှမ်းလှော်ဆီမွှေးများအား Packing အခန်းတွင်း၌ သတ်မှတ်အလေးချိန်များဖြင့်

ချိန်တွယ်၍ ထုတ်ပိုးဖြန့်ဖြူးခြင်း။

 

မြန်မာ့နှမ်းကို ကုန်ကြမ်းအတိုင်းတင်ပို့မှုအနေနဲ့ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှာ တန်ချိန်(၂၉၀၀၀)ကျော်၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၄၅)သန်းကျော်၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ တန်ချိန်(၃၆၀၀၀)ကျော်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၅၈)သန်းကျော်နဲ့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်(အောက်တိုဘာလ ၂၆ ရက်အထိ)မှာ တန်ချိန်(၁၈၀၀၀)ကျော်၊ တန်ဖိုးအ မေရိကန်ဒေါ်လာ(၃၂)သန်းကျော် အသီးသီးတင်ပို့နိုင်ခဲ့ကြောင်းနဲ့ ဂျပန်နိုင်ငံနဲ့ကိုရီးယားနိုင်ငံသို့ အဓိကထားတင်ပို့ လျှက်ရှိပြီး စင်္ကာပူ၊ မလေးရှား၊ တရုတ်၊ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတို့ကိုလည်း တင်ပို့လျှက်ရှိကြောင်း သိရှိရပါတယ်။ ကုန်ကြမ်းအတိုင်းတင်ပို့ခြင်းထက် ယခုလိုတန်ဖိုးမြှင့်ကုန်ချောပစ္စည်းအဖြစ် မြန်မာ့ပို့ကုန်များအားထုတ်လုပ်တင်ပို့ကြ မယ်ဆိုလျှင် တိုင်းပြည်ရဲ့ပို့ကုန်ဝင်ငွေတန်ဖိုး ဆထက်ထမ်းပိုးတိုးပွား၍ စိုက်ပျိုးထုတ်လုပ်သူတောင်သူလယ်သမားများ၊ စက်ရုံအတွက်အသုံးပြုသောလုပ်သားအင်အားများ၊ Exporter ကုမ္ပဏီများ အသီးသီးအကျိုးကျေးဇူးများစွာရရှိသော လုပ်ငန်းဖြစ်သဖြင့် ပြည်တွင်းလုပ်ငန်းရှင်များ ကြိုးပမ်းဆောင်ရွက်နိုင်ကြစေဖို့ သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျား….. 

 

Export Mg Mg Lwin