၂၀၂၃ ခုနှစ် အာဆီယံ-တရုတ် မဟာပင်အော်ဒေသ(ကျူးဟိုင်း) စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ တက်ရောက် ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ စတင်ထွက်ခွာ

Fri, 07/28/2023 - 11:16 -- mocadmin

နေပြည်တော်၊ ဇူလိုင် ၂၈           

   တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့၌ အခြေစိုက်သည့် အာဆီယံ-တရုတ်ဗဟိုဌာန (ASEAN-China Centre-ACC) ၏ ဖိတ်ကြား ချက်အရ စီးပွားရေးနှင့်ကူးရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်မှ ၃၀ ရက်အထိ တရုတ်နိုင်ငံ၊ ကွမ်းတုန်းပြည်နယ်၊ ရှန်းကျန်းမြို့၌ ကျင်းပပြုလုပ်မည့် ၂၀၂၃ ခုနှစ် အာဆီယံ-တရုတ် မဟာပင်လယ်အော်ဒေသ (ကျူးဟိုင်) စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်(2023 AESEN-China Greater Bay Area (Qiangai) Economic Cooperation Forum) သို့ တက်ရောက်ရန်အတွက် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တရုတ်နိုင်ငံသို့ ခရီးထွက်ခွာသွားပါသည်။

   တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်ရန်နှင့် သိပ္ပံ၊ နည်းပညာ၊ ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ်စီးပွားရေးစသည့် နယ်ပယ်များ၌ အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်ပြီး မဟာပင်လယ်အော် ဒေသ၏ အခန်းကဏ္ဍကို အလေးပေးထည့်သွင်းဆွေးနွေးရန် ရည်ရွယ်ကာ အာဆီယံ-တရုတ်ဗဟိုဌာနက အဆိုပါဖိုရမ်ကို ကျင်းပခြင်းဖြစ်ကြောင်း သိရှိရသည်။

   အဆိုပါ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို တက်ရောက်ရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ကိုယ်စားလှယ် များလည်း အဖွဲ့ဝင်အဖြစ် လိုက်ပါသွားကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages