ရုံးလုပ်ငန်းသုံးကွန်ပျူတာမွမ်းမံသင်တန်း (၁/၂၀၂၄) ဖွင့်လှစ်

Mon, 01/08/2024 - 06:32 -- mocadmin

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးရှိ ဝန်ထမ်းများ ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် ကွန်ပျူတာကို ကျွမ်းကျင်စွာကိုင်တွယ်အသုံးပြုနိုင်ရန်အတွက် ရုံးလုပ်ငန်းသုံးကွန်ပျူတာမွမ်းမံသင်တန်း (၁/၂၀၂၄) အား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီချိန်တွင် ကုန်သွယ်ရေးဦးစီးဌာန၊ ကွန်ပျူတာသင်တန်းခန်းမ၌ ဖွင့်လှစ်ခဲ့ပါသည်။

   အဆိုပါသင်တန်းသို့ သင်တန်းသား (၂၀) ဦးတက်ရောက်ပြီး သင်တန်းဖွင့်ပွဲ၌ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းသားများအား တွေ့ဆုံမှာကြားရာတွင်  ဝန်ထမ်းအဆင့်တိုင်းကွန်ပျူတာတတ်မြောက်ထားရမည်ဖြစ်ကြောင်း၊ တာဝန်ပေးအပ် လာပါက  ဆောင်ရွက်နိုင်စေရန်  စနစ်တကျလေ့လာ သင်ယူသွားရမည်ဖြစ်ကြောင်း၊ လုပ်ငန်းခွင်မပျက်ကွက်စေပဲ ရက်တိုသင်တန်း ဖွင့်လှစ်ခြင်းဖြစ်သည့်အတွက် ကွန်ပျူတာအခြေခံအသုံးပြုနည်းကို သင်ကြားပေးသွားမည်ကြောင်းနှင့် စဉ်ဆက်မပြတ်လေ့လာနေရမည် ဖြစ်ကြောင်း တွေ့ဆုံမှာကြားခဲ့ပါသည်။

   သင်တန်းကာလအနေဖြင့် နံနက်(၁၀:၀၀) နာရီမှ (၁၁:၃၀) နာရီအချိန်အထိ ရက်သတ္တပတ် (၂) ပတ်ကြာဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းတွင် Microsoft Office (Word, Excel, Power Point) အား သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။

နောက်ဆုံးရသတင်းများ

Pages