မူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဟောပြောပွဲ

Sat, 03/09/2024 - 16:35 -- ipICTdep

            ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ အိမ်ခြံမြေဝန်ဆောင်မှုအသင်းတို့က ကြီးမှူး၍ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ပုသိမ်စက်မှုစီးမံကိန်း ရုံးရှိ အစည်းအဝေးခန်းမ၌ မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ၂၀၂၄ ခုနှစ်၊ မတ်လ ၉ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

           အသိပညာပေးဟောပြောပွဲကို တိုင်းဒေသကြီးအတွင်းရှိ စီပွားရေးလုပ်ငန်းရှင်များ၊ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွား‌ရေးလုပ်ငန်းရှင်များအတွက် မြန်မာနိုင်ငံတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသော မူပိုင်ခွင့်မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍  အသိပညာများရရှိစေရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

         အသိပညာပေးဟောပြောပွဲသို့ ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ တိုင်းအဆင့်သက်ဆိုင်ရာအစိုးရဌာနများမှ  အကြီးအကဲများ၊ ပုသိမ်တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်ဦးဆောင်သောဌာနမှူးများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ၊ ဟိုတယ်လုပ်ငန်းရှင်များ၊  ဧရာဝတီတိုင်းဒေသကြီး အိမ်ခြံမြေအကျိုးဆောင် အဖွဲ့ဝင်များစုစုပေါင်း (၇၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

         အဆိုပါအသိပညာပေးဟောပြောပွဲတွင်  ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးဝင်းမြင့်လှိုင်က အဖွင့်အမှာစကားပြောကြားပြီး မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်ကလည်း အဖွင့်အမှာစကားပြောကြားကာ အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် မူပိုင်ခွင့်ဦးစီဌာနမှ ညွှန်ကြားရေးမှူချုပ် ဒေါက်တာမိုးမိုးသွယ်က မူပိုင်ခွင့်ဆိုင်ရာ ဥပဒေများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ မူပိုင်ခွင့်ဦးစီးဌာန၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာစိမ့်သန္တာထွန်းက ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ သတိပြုရမည့်အချက်များကိုလည်းကောင်း ဟောပြောဆွေးနွေခဲ့ပါသည်။ ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းက ဧရာတီတိုင်းဒေသကြီးရှိ စီပွားရေးလုပ်ငန်းရှင်များအနေဖြင့် မူပိုင်ခွင့်မှတ်ပုံတင်လျှောက်ထားသင့်ကြောင်း တိုက်တွန်းဆွေးနွေးခဲ့ပါသည်။ ဟောပြောပွဲအား နေလယ် ၁၂: ၀၀ နာရီ အချိန်တွင်ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး ဟောပြောပွဲအားရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

နောက်ဆုံးရသတင်းများ

Pages