ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် (၅) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၅) ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်သွင်းကုန် ကုန်စည်ပြပွဲသို့ တက်ရောက်ရန် ထွက်ခွာ

Wed, 06/13/2018 - 07:20 -- adminDep

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပမည် (၅) ကြိမ် မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၅) ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲသို့ တက်ရောက်ရန် ဇွန်လ ၁၃ ရက်နေ့၊ နံနက် ၀၉း၅၀ နာရီအချိန်တွင် မန္တလေးမြို့၊ တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကူမင်းမြို့သို့ ထွက်ခွာသွားခဲ့ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages