မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Tue, 05/23/2023 - 00:56 -- mocadmin

မြဝတီကုန်သွယ်ရေးဇုန်မှ ထိုင်းနိုင်ငံသို့ ပို့ကုန်တင်ပို့မှုအနေဖြင့် (၁၇-၅-၂၀၂၃)ရက်နေ့မှ (၂၀-၅-၂၀၂၃)ရက်နေ့ထိ လယ်ယာထွက်ကုန်ပစ္စည်းများနှင့် CMP ပစ္စည်းများ တင်ပို့မှုရှိသည်။

          လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့မှုမှာ ငရုတ်၊ ပီလောပီနံ၊ ကြက်သွန်နီ၊ မန်ကျည်းသီး(အစေ့ပါ)၊ ပြောင်း၊ နှမ်း၊ ဇီးဖြူသီး၊ ဂေါ်ဖီထုပ်၊ နွယ်ချိုအမြစ်၊ မန်ကျည်းသီး၊  မတ်ပဲ၊ Cissus Dry Plant ၊ မိဿလင်နှင့် နနွင်းတို့ဖြစ်သည်။ ရေထွက်ကုန်ပစ္စည်းများမှာ ဂုံး၊ ခရု၊ ပုဇွန်၊ ငါးမွှေတိုး၊ ငါးခွေးလျှာ၊ ငါးဓားလွယ်၊ ပုဇွန် ခြောက် (အကျိုး/အကြေ)၊ ဝသုံးလုံးကဏန်းနှင့် ငါးကွမ်းရှပ်ငါးဆယ်နယ် တို့ဖြစ်ပြီး CMP တင်ပို့မှု အနေဖြင့်  အမျိုးသား/ အမျိုးသမီးဝတ် အထည်အလိပ်များ တင်ပို့လျက်ရှိသည်။  

          အများဆုံးပို့ကုန်ပစ္စည်းများ တင်ပို့မှုအနေဖြင့် ပြောင်း၊ ငရုတ်၊ ကြက်သွန်နီ၊ မန်ကျည်းသီး (အစေ့ပါ)၊ ပီလောပီနံ၊ CMP ၊ ရေထွက်ပစ္စည်း၊ နှမ်း၊ နွယ်ချိုအမြစ်၊ ဆန်မှုန့်၊ ဂေါ်ဖီထုပ်၊ ဆီးဖြူသီး၊ မန်ကျည်းသီး၊ မတ်ပဲ၊ နနွင်းနှင့် အခြားပစ္စည်းတို့ဖြစ်သည်။ ယခုအခါထိုင်းနိုင်ငံမှ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ခြင်းကြောင့် စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာဆောင်ရွက်လာခြင်းနှင့် စားသောက်ဆိုင်များတွင် အသုံးပြုရန် လိုအပ်ချက်ကြောင့် ဝယ်လိုအားမြင့်တက်နေ၍ ယခင်နှစ်ကထက် ပိုမိုတင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။

          ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီ၊ ‌ဂေါ်ဖီထုပ် နှင့် ငရုတ်များကို အမြန်တင်ပို့နိုင်ရေးအတွက် ကုန်သွယ်ရေးဇုန်မှ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက် ရှိသည်။

          သွင်းကုန်တင်သွင်းမှုအနေဖြင့် တိရစ္ဆာန်အစာ၊ စက်ဘီး၊ စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊ အဝတ်အထည်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ အလှကုန်ပစ္စည်း၊ ဆိုင်ကယ်အပိုပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဓာတ်မြေဩဇာ၊ ငါးဖမ်းကိရိယာ၊ စားသောက်ကုန်၊ ဖိနပ်နှင့်ဖိနပ်ကုန်ကြမ်းပစ္စည်း၊ သစ်သီး၊ Garment ၊ အိမ်သုံးပစ္စည်း၊ စက်ရုံ သုံးပစ္စည်း၊ စက်နှင့်စက်ပစ္စည်း ကိရိယာများ၊ ဆေးနှင့်ဆေးပစ္စည်း၊ Packing Material ၊ အိမ်သုတ်ဆေး၊ လူသုံး ကုန်ပစ္စည်း၊ ကုန်ကြမ်းပစ္စည်း၊ အားကစားပစ္စည်း၊ ယန္တရားအပိုပစ္စည်း၊ တိရစ္ဆာန် (အရှင်/ဘဲသားပေါက်)နှင့် စက်ဆီ/ ချောဆီတို့တင်သွင်းလျက်ရှိသည်။ အများဆုံးသွင်းကုန်ပစ္စည်းများမှာ စားသောက်ကုန်၊ ဆောက်လုပ် ရေးလုပ်ငန်းသုံးပစ္စည်း၊ Garment ၊ စက်ဆီ/ချောဆီ၊ ယန္တရားအပိုပစ္စည်း၊ သစ်သီး၊ ဓာတ်မြေဩဇာ၊ ဆေးနှင့် ဆေးပစ္စည်းနှင့် အခြား ပစ္စည်းတို့ဖြစ်သည်။

          ငွေစျေးနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင် (၈၅.၁၀)ကျပ်ရှိပြီး ယခုအပတ်တွင် (၈၄.၇၄)ကျပ် သာရှိ၍ ဘတ်စျေးအနည်းငယ်ပြန်ကျလာလျက်ရှိပြီး ကုန်ပစ္စည်းများကို ယခုအခါပိုမိုတင်သွင်းလျက်ရှိ ကြောင်း သိရှိရသည်။

နောက်ဆုံးရသတင်းများ

Pages