တောင်ကိုရီးယားတွင်ကားငယ်များအရောင်းစံချိန်တင်

Fri, 09/09/2011 - 09:23 -- Anonymous (not verified)

အဓိကအားဖြင့် လောင်စာဆီဈေးမြင့်တက်တာနဲ့ ကမ္ဘာ့စီးပွားရေးမရေရာမှုကြောင့် တောင်ကိုရီးယားမှာ ကားငယ်များ ရောင်းအားက သြဂုတ်မှာ လအလိုက်တိုးတက်နှုန်း စံချိန်တင်ခဲ့တယ်လို့ လုပ်ငန်းဆိုင်ရာ သတင်းရပ် ကွက်က စက်တင်ဘာ ၅ ရက်ကပြောပါတယ်။ ကားအငယ်တွေရဲ့ ရောင်းချမှုမှာ သြဂုတ်လက စင်းရေ ၃၈၆၈၉ စင်းရှိခဲ့တဲ့အတွက်  စုစုပေါင်းရောင်ချခဲ့တဲ့ယာဉ်စီးရေရဲ့၅၃ ဒသမ ၅ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့တယ်လို့ သတင်းရပ်ကွက်က ပြောပါတယ်။