တစ်ပတ်အတွင်း ပဲမျိုးစုံ ဈေးခုန်တက် အရောင်းအဝယ်သွက်လျက်ရှိ

Fri, 07/27/2012 - 03:37 -- Anonymous (not verified)

ယခုတစ်ပတ်ပဲမျိုးစုံတင်ပို့မူက ပြီးခဲ့တဲ့ အပတ်ထက် လျော့နည်းတာတွေ့ရပါသည်။ ဇူလိုင် ၉ရက်မှ ၁၃ရက်ထိ ပဲမျိုးစုံတန်ချိန် ၃၁၇၈၅သာရှိလို့ ပြီးခဲ့တဲ့သီတင်းပတ် တင်ပို့ခဲ့တဲ့ တန်ချိန် ၆၄၇၉၁ ထက် ထက်ဝက်ခန့်ကျဆင်းခဲ့ပါသည်။ အထူးသဖြင့် ပဲတီစိမ်းမှာ ယခင်တစ်ပတ်က တင်ပို့မှုထူးထူးခြားခြားမြင့်တက်ရာမှ ယခုတစ်ပတ်မှာ ပုံမှန်အနေအထားအတိုင်း ပြန်တင်လာတာကြောင့်ဖြစ်ပါသည်။ ယခုတစ်ပတ် ပဲတီစိမ်း တန် ၂၅၀၀ ဝန်းကျင်နဲ့ ပုံမှန်ဈေးကွက်တွေဖြစ်တဲ့ အိန္ဒိယ၊တရုတ်၊ အင်ဒို နီးရှား၊ယူအေအီး၊စင်ကာပူနဲ့ မလေးရှားတို့ကိုတင်ပို့ တာတွေ့ရပါသည်။ ဒီတစ်ပတ် မှာ ဗီယက်နမ်ကတဆင့် တရုတ်ကို တင်ပို့မှုမရှိဘဲ နယ်စပ်လမ်းကြောင်းကသာ တင်ပို့မှုပိုများတယ်လို့ သိရပါသည်။ အညာပဲတီစိမ်းတွေ ဝင်လာနေပြီဖြစ်သလို ပဲတီရွှေဝါကို ပြည်ပအဝယ်ပုံမှန်ရှိ FOB ဈေးအနည်းငယ်တိုးလာသလို ပြည်တွင်းဈေး မှာလည်း တစ်တန် ၂၇၀၀၀-၃၀၀၀၀ ကျပ် ခန့်တိုးလာခဲ့ပါသည်။