တင်သွင်းခွင့်ပြုသည့် မော်တော်ယာဉ်အမျိုးအစား Wagon အုပ်စုအတွက် Brand နှစ်မျိုးထပ်တိုး

Thu, 10/06/2011 - 09:16 -- Anonymous (not verified)

နေပြည်တော် ၊ အောက်တိုဘာလ ၆ ရက်
သက်တမ်းရင့် မော်တော်ယာဉ်များအပ်နှံ၍ ကားသစ်တင်သွင်းရန် သွင်းကုန်ပါမစ် ပြန်လည်လျှောက် ထားရာတွင် Wagon / Pick Up Double Cup / Micro Bus (15 Seater အောက်) အုပ်စုအတွက် တင်သွင်းခွင့်ပြုထားသည့် Chrysler Cherokee ၊ Honda ၊ Isuzu ၊ Mercedes ၊ Mitsubishi ၊ BMW ၊ Audi ၊ Volvo ၊ Nissan ၊ Suzuki နှင့် Toyota (Land Cruiser / Luxex / Prado မပါ) တို့သာမက ယခုအခါ Land rover နှင့် Mazada Brand နှစ်မျိုးကို အောက်တိုဘာလ (၅) ရက်နေ့မှ စတင်ကာ ထပ်မံခွင့်ပြု လိုက်ကြောင်း သတင်းရရှိသည်။ နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် ကားတင်သွင်းရန် ပါမစ်စတင်ထုတ်ပေးခဲ့သည့် စက်တင်ဘာလ (၁၉) ရက်နေ့မှ အောက်တိုဘာလ (၅) ရက်နေ့အထိ ကာလအတွင်း ကားအစီးရေ စုစုပေါင်း (၁၃၁၁) တင်သွင်းရန် ပါမစ် (၁၃၁၁) စောင် ထုတ်ပေးခဲ့ပြီးကြောင်း သတင်း ရရှိပါသည်။