စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ၂၀၁၁-၂၀၁၂ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ဝန်ထမ်းသားသမီးများအား ဆုချီးမြှင့်သည့်အခမ်းအနားကျင်းပ

Wed, 07/18/2012 - 05:41 -- Anonymous (not verified)

နေပြည်တော် ၂၀၁၂ ဇူလိုင် ၆

   

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ထမ်းသားသမီးများ ပညာရည်ထူးချွန် ကျောင်းသားကျောင်းသူများ၊ ထူးချွန် အားကစား သမားများ၊ သင်တန်းထူးချွန်ဝန်ထမ်းများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ၂၀၁၂ ခုနှစ်   ဇူလိုင်လ ၆ ရက်နေ့ နံနက် ၉နာရီတွင် ကျင်းပ ရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေး မှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ရုံးအဖွဲ့မှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါ သည်။

      ပြည်ထောင်စုဝန်ကြီးမှ    အဖွင့်အမှာစကားပြောကြားရာတွင်    ယနေ့နိုင်ငံတော်အစိုးရအနေဖြင့်   တစ်မျိုးသားလုံးပညာရည်မြင့်မားရေး ဟူသည့် ပညာရေးဆိုင်ရာအမျိုးသားရေးမျှော်မှန်းချက်ကိုချမှတ်ပြီးပညာရေး ပြုပြင်ပြောင်းလဲမှုကို ခေတ်နှင့်လျော်ညီစွာစီမံကိန်းများစနစ်တကျ အကောင် အ ထည်ဖော် ဆာင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံသားတိုင်းအခြေခံပညာ ကာင်းစွာသင်ယူ တတ်မြောက်ရေး၊ ကျာင်း သားကျောင်းသူလူငယ်များ ဘက်စုံထူးချွန် ထက်မြက်ပြီး နိုင်ငံတကာအဆင့်မီ ပညာရည်မြင့်မားရေးနှင့် အရည်အသွေးမြင့်မားသည့် လူ့စွမ်းအား အရင်းအမြစ်များပေါ်ထွန်းလာရေးဟူသည့် တစ်မျိုးသားလုံးပညာရည်မြင့်မားရေး မျှော်မှန်းချက်များအာင် အောင်မြင်မြင်အကောင်အထည် ဖော်ဆောင် နိုင်ရန် စနစ်တကျ စီမံဆောင် ရွက်နေပြီ     ဖြစ်ကြောင်း မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း တစ်တပ်တစ်အားပါဝင်ချီးမြှင့်ပံ့ပိုးပေးသည့်အနေဖြင့် ပညာသင်ထောက်ပံ့စရိတ်များ ကို နှစ်စဉ်   ကျောင်းဖွင့်အမီ ပံ့ပိုး ပေးခြင်း၊  လစဉ်ထောက်ပံ့ခြင်းနှင့်တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်သူများအား နှစ်စဉ်နှစ်တိုင်း ချီးမြှင့်ပေး လျက် ရှိကြောင်း၊ ဂုဏ်ထူးရ သားငယ်သမီးငယ်များအား မှာကြားလိုသည်မှာ ပညာ ရဲရင့်ပွဲလယ်တင့်ဆိုသည့်အတိုင်း ထူးချွန်ထက်မြက်သော ပညာရှင်များဖြစ်အောင် ရရှိထားသော ထူးချွန်မှု လောက်နှင့်မကျေနပ်ဘဲ ဆထက်ထမ်းပိုး ကြိုးစားသွားကြရန် တိုက်တွန်းပြောကြားပါသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က တက္ကသိုလ်ဝင်စာမေးပွတြွင် ငါးဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ(၅)ဦး အား ရွှေဆွဲပြား များ  ပေးအပ်ချီးမြှင့်ကြပြီး၊  တာဝန်ရှိသူများက လေးဘာသာ၊    သုံးဘာသာ၊   နှစ်ဘာသာ၊   တစ်ဘာသာ  ဂုဏ်ထူးရှင်များအား  ဆုများပေးအပ်ကြ သည်။    ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊  ဒုတိယဝန်ကြီး၊  ညွှန်ကြားရေးမှူးချုပ်များ ၊ ဦးဆောင် ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရသူများနှင့်  ထူးချွန်ဆုရသူများအားဆုများ ပေးအပ်ချီးမြှင့် ကြသည်။

     အခမ်းအနားတွင် ၂၀၁၁-၂၀၁၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ငါးဘာသာဂုဏ်ထူးရရှိသူ (၅)ဦး၊ လေးဘာသာ   ဂုဏ်ထူး ရရှိသူ (၇)ဦး၊ သုံးဘာသာဂုဏ်ထူးရရှိသူ (၄)ဦး၊ နှစ်ဘာသာဂုဏ်ထူးရရှိသူ (၇)ဦး၊ တစ်ဘာသာ ဂုဏ်ထူးရရှိသူ (၁၉)ဦး၊ စုစုပေါင်း   ဂုဏ်ထူး ရှင်   (၄၂)  ဦး၊     ဆုရအားကစားသမားများနှင့်သင်တန်းထူးချွန်ဆုရသူများအတွက် ဂုဏ်ပြုဆုငွေမှာ ၁၄,၆၁၅,၀၀၀ိ/ ကျပ် (တစ်ရာလေး ဆယ့်ခြောက်သိန်း တစ်သောင်း ငါးထောင်တိတိ) ကို ချီးမြှင့်ခဲ့ပါသည်။