ကြာသပတေးနေ့စကားဝိုင်း ဆွေးနွေးပွဲကျင်းပခြင်း

Wed, 07/18/2012 - 09:17 -- Anonymous (not verified)

ဇူလိုင် ၁၂ နေပြည်တော်

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကြာသပတေးနေ့စကားဝိုင်းကို (၁၂-၇-၂၀၁၂) ရက်နေ့ နံနက် ၉ နာရီတွင် ရုံးအမှတ် (၃) နေပြည်တော်တွင် ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ရုံးအဖွဲ့မှူးနှင့် ညွှန်ကြားရေးမှူးများ၊ အရာထမ်းများ တက်ရောက်ကြပါသည်။

        ဆွေးနွေးပွဲတွင် နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မင်းသိုက်မှ Going Forward: the GMS Strategic ခေါင်းစဉ်ဖြင့် (1992-2012) last two decades GMS လှုပ်ရှားမှု၊ (2012-2022) for next decades အတွက်ဆောင်ရွက်ရန်များ၊ မဟာ ဗျူဟာယုံကြည်မှု (၅) ရပ်ဖြင့် စတင်အကောင်အထည်ဖော်ပုံ စသည့် အကြောင်းအရာများဖြင့် ဆွေးနွေးခဲ့ပါသည်။

                ၎င်းနောက် ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ဖြည့်စွက်ရှင်းလင်းပြောကြားပြီး  နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်ပြောကြားကာ ဆွေးနွေးပွဲကို ၁၀း၃၀ ချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။