ကန်ဒေါ်လာ တစ်သောင်း သို့မဟုတ် ညီမျှ အခြားနိုင်ငံခြားငွေထက်မပိုဘဲ ယူဆောင်လာတဲ့ နိုင်ငံခြားသားများ အကောက်ခွန်မှာ ကြေညာဖို့မလိုတော့

Fri, 05/11/2012 - 05:13 -- Anonymous (not verified)

နိုင်ငံခြားသားများအနေနဲ့ အမေရိကန်ဒေါ်လာ တစ်သောင်း (၁၀၀၀၀) သို့မဟုတ် ယင်းနဲ့ညီမျှငွေထက်မပိုတဲ့ မည်သည့်နိုင်ငံခြားငွေ ကိုမဆို ပြည်တွင်းကိုရောက်ရှိတဲ့အခါ အကောက်ခွန်ဦးစီးဌာနကို ကြေ ညာခြင်းမပြုဘဲ  မြန်မာနိုင်ငံအတွင်းကို ယူဆောင်လာနိုင်ကြောင်း ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံခြား သုံးငွေ စီမံခန့်ခွဲမှုဌာနမှ ၂၀၁၂ ခုနှစ် ဧပြီ ၃ ရက်မှာ ထုတ်ပြန်ကြေညာ ကြောင်းသိရပါတယ်။ ယင်းခွင့်ပြုချက်ကို ယင်းဝန်ကြီးဌာနရဲ့ ၁၉၆၂ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့စွဲနဲ့ထုတ်ပြန်ထားတဲ့ အမိန့်ကြော်ငြာစာ အမှတ် အီးစီဒီ-၅၉ မှာ ဖြည့်စွက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ယခင်က နိုင်ငံခြားသားများဟာ အမေရိကန်ဒေါ်လာ ၁၀၀၀၀နဲ့ အထက်ယူဆောင်လာရင် အကောက်ခွန်ဦးစီးဌာနမှာ ကြေညာပြီးမှသာ နိုင်ငံအတွင်း ယူဆောင်ခွင့်ပြုထားကြောင်း သိရပါတယ်။  
MIRT