မြဝတီ-ရန်ကုန်လမ်းကြောင်းပေါ်ရှိ လှုပ်ရှား-၂ (Mobile Team) ညောင်ခါးရှည်မှ အကောက်ခွန် မဲ့တင်သွင်းလာသော (လိုင်စင်မဲ့) ယာဉ် ၃ စီးတားဆီးအရေးယူခဲ့

Wed, 01/21/2015 - 14:39 -- dccaadmin

 

တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးဗဟိုကော်မတီမှ  ဖွဲ့စည်းပေးထားသော  မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်းကြောင်း ပေါ်ရှိ Mobile Team (လရ-၂) အဖွဲ့သည် စစ်တောင်းတံတားဟောင်း/သစ် လမ်းဆုံရှိ ညောင်ခါးရှည်တွင် အခြေပြု လျက် စားသုံးသူအကာအကွယ်ပေးရေးနှင့် တရား မဝင်ကုန် သွယ်မှုတားဆီးထိန်း ချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

ဤသို့ဆောင်ရွက်လျက်ရှိစဉ် မြဝတီမှ ရန်ကုန်သို့ ဝင်ရောက်လာသော ကုန်တင်ယာဉ်၊ ခရီးသည်တင် ယာဉ်နှင့် လူစီးယာဉ်များအား တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရန်အတွက် စစ်ဆေးနေစဉ် ၂၀၁၅ ခုနှစ် ဇန်နဝါရီ  ၁၈ ရက်နေ့ ဝ၄ း ဝ၀ ချိန်ခန့်တွင် သထုံမှ ရန်ကုန်လမ်းကြောင်းအတိုင်း မောင်း နှင်လာသော ယာဉ်အမှတ် 3G/xxxx (Honda CRV) ယာဉ်အားလည်းကောင်း၊၂၀၁၅ ခုနှစ် ဇန်န ဝါရီလ  ၁၉ ရက်နေ့ဝ၄ း ၁၅ ချိန်ခန့်တွင် သထုံမှ ရန်ကုန်လမ်းကြောင်း အတိုင်း မောင်းနှင်လာ သော ယာဉ်အမှတ်7C/ xxxx (Air Wave) ခဲရောင်ယာဉ်နှင့် ဝ၄ း ၃၀ ချိန်ခန့်တွင် ယာဉ်အမှတ်  6E/ xxxx (Mark II) ရွှေငါးအဖြူရောင် ယာဉ်တို့အား Mobile Team ဌာနဆိုင်ရာ ပူးပေါင်း အဖွဲ့ဖြင့် စစ်ဆေးရာ လိုင်စင်၊ ဝှီးတက်နှင့် ပိုင်ဆိုင်မှု အထောက်အထားစာရွက်စာတမ်းများ တင်ပြနိုင်ခြင်းမရှိဘဲ တရားမ ဝင်တင်သွင်းလာသော လိုင်စင်မဲ့ယာဉ်များ ဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့ပါသည်။ ထိုသို့ စစ်ဆေးနေစဉ် ယာဉ်မောင်းများမှာ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် အဆိုပါလိုင်စင်မဲ့မော်တော်ယာဉ်များအားပိုင် ရှင်မဲ့အဖြစ် တားဆီးထိန်းသိမ်းခဲ့ရကြောင်း  သတင်းရရှိသည်။

တားဆီးထိန်းသိမ်းခဲ့သော တစ်ဖက်နိုင်ငံမှ တရားမဝင်တင်သွင်းသယ်ဆောင်လာသည့် အကောက် ခွန်မဲ့ (လိုင်စင်မဲ့) မော်တော်ယာဉ် ၃ စီးတို့အား လုပ်ထုံးလုပ်နည်းနှင့်အညီ အကောက်ခွန် အမှုတွဲ ဖွင့်လှစ်၍  ပြည်သူ့ ဘဏ္ဍာအဖြစ်သိမ်း ဆည်းပြီး အကောက်ခွန်ဦးစီးဌာနသို့ အပ်နှံခဲ့ပြီးဖြစ် သည်ဟုသိ ရသည်။

         

                                                                                            

    Mobile Team