ချင်းရွှေဟော်စခန်းက နှမ်းပိုမိုတင်ပို့နိုင်

Wed, 01/21/2015 - 09:21 -- dccaadmin

 

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော်နယ်စပ်စခန်းမှ ဇန်နဝါရီလ ၁၀ ရက်မှ ၁၆ ရက်တာကာလအတွင်း ကန်ဒေါ်လာ ၅ ဒသမ ၆၀၂ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၂၈၂၂ တန်ခွဲကို တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် ရက်သတ္တပတ်က ချင်းရွှေဟော်စခန်းမှ တန်ချိန် ၈၃၀တင်ပို့ခဲ့ပြီး ယခုရက်သတ္တပတ်မှာတော့၂၆၈၁ တန်ထိတင်ပို့နိုင်ခဲ့လို့ ချင်းရွှေဟော်ရဲ့နှမ်းတင်ပို့မှု ပိုမိုလာ တာတွေ့ရပါတယ်။ မူဆယ် ကုန်စည်ဒိုင်မှာ ယခင်ရက်သတ္တပတ် က နှမ်းဖြူ တစ်တန်ကို မိမိဘက် ပေါက် ဈေး ၂၂၄၇၇၅၇ ကျပ်မှ ယခု ၂၁၃၉၈၁၉ ကျပ်သို့လည်းကောင်း၊ နှမ်းနက်တစ်တန်ကို၂၂၉၇၅၉၁ ကျပ်မှ၂၂၂၁၉၂၁ ကျပ်သို့လည်းကောင်း နှမ်းဈေးတွေလည်း ထပ်မံကျဆင်းနေပါတယ်။ မြန်မာပြည် အထက်ပိုင်းရှိ ပဲ၊ နှမ်း အမျိုးမျိုးကို အဓိကရောင်းဝယ် ဖောက်ကားနေတဲ့ မန္တလေး ကုန်စည်ဒိုင်ဈေး ကွက်ကို တရုတ်လူမျိုးတွေက အဓိကဈေးကွက်ထိန်းချုပ်နေတယ်လို့ မန္တလေးကုန်စည်ဒိုင် အဖွဲ့ဝင်အချို့ထံမှ သိရပါတယ်။ ယခုတစ်ပတ်ရဲ့စခန်းအလိုက် တင်ပို့ တဲ့ နှမ်းရောင်စုံတွေကို  ဖော်ပြပေးလိုက်ပါတယ်-

                                                                                                တန်ချိန်-ကိန်းပြည့်

          နှမ်းအမျိုးအစား          မူဆယ်          ချင်းရွှေဟော်  

          နှမ်းဖြူ                     -                  ၅၀၃

          နှမ်းနက်                   ၈၃.၅            ၂၁၇၈ 

          နှမ်းဖြူ (အခွံချွတ်)      ၅၈.ဝ            -                           

                                                                            

မော်မော်အောင် MIRT (DCCA)