၂၀၁၅ ခုနှစ်အဖွင့်မှာ ဆန်တင်ပို့မှုအားရဖွယ်ကောင်း

Thu, 01/15/2015 - 09:31 -- dccaadmin

 

 

၂၀၁၅ ခုနှစ်ရဲ့ နှစ်စပိုင်း ဇန်နဝါရီလ ပထမပတ်မှာ မြန်မာ-တရုတ်နယ်စပ်ရှိ နယ်စပ်ကုန်သွယ်ရေးစ ခန်းများမှ ဆန်တင်ပို့မှုဟာ အားကောင်းလျက်ရှိပါတယ်။ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန် ဒေါ်လာ ၁၂ ဒသမ ၆၅၀ သန်းဖိုးရှိတဲ့ ငစိန် ဆန် ၂၀၅၅၀ တန်နဲ့ ဧည့်မထဆန် ၁၃၂၄၂ တန် တင်ပို့ခဲ့ပြီး ယခင်သီတင်းပတ်ထက် တန်ချိန် ၁၈၀ဝ ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ လွယ်ဂျယ်စခန်းမှ ကန်ဒေါ်လာ ၁ ဒသမ ၄၂၇ သန်းဖိုးရှိ ဧည့်မထ ၄၀၅၆ တန်ကို တင်ပို့ခဲ့ပြီး၊ ယခုတစ်ပတ်မှာ ၁၂၃၃ တန်ကို ပိုမိုတင်ပို့ နိုင်ခဲ့သလို၊ ချင်းရွှေဟော်စခန်းမှလည်း ကန်ဒေါ်လာ သုည ဒသမ၄၃၆ သန်းဖိုးရှိ ဧည့်မထဆန် ၁၁၆၄ တန်ကို တင်ပို့နိုင်ခဲ့တဲ့အတွက် ယခင်သီတင်းပတ်ထက် ၉၁၄ တန်အသီးသီးပိုမို တင်ပို့နိုင်တာတွေ့ရ ပါတယ်။ စခန်း ၃ ခုစလုံးရဲ့ စုစုပေါင်းတင်ပို့မှုဟာ ကန်ဒေါ်လာ ၁၄ ဒသမ ၅၁၃ သန်းဖိုးရှိပြီး တန်ချိန် အားဖြင့် ၃၉၀၁၂ တန်ရှိ တယ်လို့ စာရင်းများအရသိရှိရပါတယ်။

ဆန်သာမက မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ၂ ဒသမ ၈၇၁ သန်းဖိုးရှိ ဆန်ကွဲ ၈၈၂၆ တန်၊ လွယ်ဂျယ်မှ ကန်ဒေါ်လာ သုည ဒသမ ၈၀ဝ သန်းဖိုးရှိ ဆန်ကွဲတန် ၂၅၀ဝ၊ ချင်းရွှေဟော်စခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၁၆၉ သန်းဖိုးရှိ ဆန်ကွဲ ၅၂၃ တန်ကိုလည်းတင်ပို့ခဲ့ရာ စုစုပေါင်း တန်ချိန် ၁၁၈၄၉ တန် တင်ပို့နိုင်ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၉၆၁၉ တန် ပိုမို တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါတယ်။

                                                                          

   ယဉ်ယဉ်အေးMIRT (DCCA)